၄
ဟိုတစ်နေ့တုန်းက အစ်ကိုဟန်ဘင်းတို့နဲ့ လျှောက်လည်ပြီးနောက်ပိုင်း အစ်ကိုဟန်ဘင်းနဲ့ကော ဂရူဗင်းနဲ့ပါ မက်သရူးအတော်လေးခင်မင်သွားခဲ့လေပြီ။ ထိုနေ့ကစပြီး ယူဂျင်းရဲ့ အဖော်စပ်မှုကြောင့် သူတို့လေးယောက် ဟန်ဘင်းရဲ့ ကဖေးဆိုင်လေးမှာ ညနေတိုင်းဆုံဖြစ်ကြသည်။
ဒီအတောအတွင်း တစ်ယောက်အကြောင်းတစ်ယောက်ပါပိုသိလာကြသည်။ ဂရူဗင်းက မက်သရူးထက် ၂နှစ်ငယ်တဲ့ညီလေးဖြစ်ပြီး ယူဂျင်းထက်တော့ ၃နှစ်ကြီးသူပါတဲ့၊ သို့ပေမယ့် ယူဂျင်းလေးက ဂရူဗင်းအပေါ်ဆို သိပ်ဆိုးလွန်းသည်၊ ဂရူဗင်းကလည်း ယူဂျင်းထားရာနေ စေရာသွား သေဆိုသေ ရှင်ဆိုရှင်မယ့်အလားပင်။ သူတို့နှစ်ယောက်သာ ဆန့်ကျင်ဘက်လိင်တွေဆို ချစ်နေကြသူတွေလို့ မက်သရူးအပါအဝင် လူတိုင်းသတ်မှတ်မိကြလိမ့်မယ်ထင်သည်။
ဒီညနေတော့ တနင်္ဂနွေနေ့မို့ အစ်ကိုဟန်ဘင်းနဲ့အတူ သူတို့သုံးယောက်လုံး ချက်ချ်ကျောင်းတက်ရင် ဘုရားဝတ်ပြုကြသည်။ မက်သရူးအခုမှသိလိုက်ရတဲ့အရာကတော့ အစ်ကိုဟန်ဘင်းက ပီယာနိုလည်းတီးတတ်သေးတဲ့အပြင် သိပ်ကိုချိုသာလွန်းတဲ့အသံနဲ့ ဓမ္မတေးကိုလည်းဆိုတတ်သေးတယ်ဆိုတာပင်။
"ကျွန်ုပ်ရဲ့ ဆန္ဒတစ်ခု
ကိုယ်တော်နဲ့သာ နေချင်သူ....
အတွင်းနှလုံးသားမှ တောင့်တာဆာငတ်
ရှိသမျှအရာခပ်သိမ်း ကိုယ်တော့်ကိုသာပေးအပ်....
သခင့်အတွက်ဖြစ်စေ ပေးဆပ်ပူဇော်.....
ကျွန်ုပ်နှလုံးသား....
သခင်ဘုရားအား အသက်ဆုံးတိုင် ရွေးချယ်ဖို့အဆင်သင့်ဖြစ်နေပြီ.....
ကျွန်ုပ်နှလုံးသား...
သခင်ဘုရားအား အသက်ဆုံးတိုင် ရွေးချယ်ဖို့အဆင်သင့်ဖြစ်နေပြီ....
ကျွန်ုပ်နှလုံးသား.....
မာန်မာနတို့ကို ရိုက်ချိုးပြီး ကျွန်ုပ်နှလုံးသားကို ပုံသွင်းပြီး....
ကိုယ်တော့်သဘောအတိုင်းဖြစ်စေ.....
ကျွန်ုပ်ရဲ့စိတ်ဆန္ဒ....."

YOU ARE READING
Apocalypse
Romance"မက်ချူးသိလား မင်းရဲ့ အပြုံးတွေကလေ အခု အစ်ကိုတို့ပုံမှန်မြင်နေကျ နေရောင်ခြည်တွေထက်တောင်လှတာ။ တိတိကျကျပြောရရင် မိုးတွေသည်းကြီးမည်းကြီးရွာပြီးမှ သက်တံ့နဲ့အတူ ဖြာကျလာတဲ့ နေရောင်ခြည်နုနုလေးလို ကြည်နူးဓာတ်ပါတဲ့ အပြုံးမျိုးကွ" "ဟုတ်လား၊ အဲ့ဒါဆိုတော့ အဲ့သက...