(Recommend song- Moon and back by Jvke)
၇
ဘူဆန်ကပြန်လာပြီးနောက်ပိုင်း ဟန်ဘင်းနဲ့မက်သရူးတို့ ရင်းနှီးမှုမှာ ပိုတိုးလို့လာသည်ထင်သည်။
ဘူဆန်ကထိုညမှာ ဟန်ဘင်းရဲ့ရင်ခွင်တစ်စုံကြောင့် မက်သရူးမှာ တစ်ညလုံးနွေးထွေးခွင့်ရခဲ့ရသည်။ အကျိုးဆက်အနေနဲ့ မနက်မိုးလင်းတော့ အဖျားပင်တစက်မရှိဘဲ ပျောက်ကင်းသွားပေမယ့် မက်သရူးဆီက အဖျားတွေကို ဆောင်ယူသွားခဲ့သူကတော့ ဟန်ဘင်းပင်။ ဟန်ဘင်းနေမကောင်းဖြစ်တော့ ဂရုအစိုက်ဆုံးသူကလည်း မက်သရူးဖြစ်နေပြန်သည်။ ဒီလိုနဲ့ နှစ်ယောက်သား နေမကောင်းဖြစ်လိုက် ပြုစုလိုက်ဖြင့် လုံးချာလည်လိုက်ရင်း တစ်ညပဲကြာရမယ့် ဘူဆန်မှာ ယူဂျင်းတို့ပါ သုံးရက်သောင်တင် သွားတော့သည်။
မကြာခင် ကျောင်းတွေပြန်ဖွင့်ကြတော့မည့်ဖြစ်တာကြောင့် အလယ်တန်းကျောင်းသားလေးယူဂျင်းနဲ့ အထက်တန်းကျောင်းသားလေးဂရူဗင်းတို့လည်း သူတို့ကိစ္စနဲ့သူတို့ မအားမလပ်နိုင်ဖြစ်နေကြသည်။ သို့ဖြစ်၍ မက်သရူးနဲ့ဟန်ဘင်း နှစ်ယောက်သာ ဒီရက်ပိုင်းအတွင်း တပူးပူးတတွဲတွဲဖြစ်နေသည်။
သို့သော်ငြား ဟန်ဘင်း၏အမေဖြစ်သူသည် သူ(မ)သားကို မက်သရူးတို့ ယူဂျင်းတို့နဲ့ ပေါင်းသင်းနေသည်ကိုမကြိုက်။ အကြောင်းရင်းသည်မှာလည်း မက်သရူးက ကနေဒါ-ကိုးရီးယားကပြားဖြစ်နေခြင်းနှင့် ယူဂျင်းကတော့ ဂျပန်-ကိုးရီးယားကပြားဖြစ်နေခြင်းကြောင့်ပင်။
(ယူဂျင်းရဲ့ဖခင် ဂျပန်စစ်အရာရှိကြီးတစ်ဦးဖြစ်ကြောင်းကိုတော့ မက်သရူးလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သိခဲ့ရခြင်းဖြစ်သည်။ ယူဂျင်းရဲ့အဖေ ဟီရိုရှီးမားဟာ အခြားနယ်တစ်လုမှာ တာဝန်ကျနေပြီး ရံဖန်ရံခါမှသာ အိမ်ပြန်လာတတ်ခြင်းကြောင့် မက်သရူးမသိခဲ့ရခြင်းပင်။)
"သား ဘင်းနီး ဟိုကလေးတွေနဲ့ သိပ်အပေါင်းသင်းမလုပ်ပါနဲ့လားဟင်"
"မေမေ...မက်သရူးနဲ့ ယူဂျင်းကိုပြောပြန်တာလား၊ ကလေးတွေက စိတ်ထားရှိတဲ့လူကောင်းတွေပါ မေမေရဲ့"
"ဒါမယ့်လည်း သူတို့အမေတွေက လူမျိုးခြားတွေကို လက်ထပ်ခဲ့တာ ပြီးတော့..--"
YOU ARE READING
Apocalypse
Romance"မက်ချူးသိလား မင်းရဲ့ အပြုံးတွေကလေ အခု အစ်ကိုတို့ပုံမှန်မြင်နေကျ နေရောင်ခြည်တွေထက်တောင်လှတာ။ တိတိကျကျပြောရရင် မိုးတွေသည်းကြီးမည်းကြီးရွာပြီးမှ သက်တံ့နဲ့အတူ ဖြာကျလာတဲ့ နေရောင်ခြည်နုနုလေးလို ကြည်နူးဓာတ်ပါတဲ့ အပြုံးမျိုးကွ" "ဟုတ်လား၊ အဲ့ဒါဆိုတော့ အဲ့သက...