6

167 37 5
                                    

ပြာလဲ့နေသော ကောင်းကင်နဲ့ပင်လယ်ကြီး​ဟာ တထပ်တည်းကျနေသလို မက်သရူးရဲ့မျက်စိရှေ့တည့်တည့်မှာ။ သူတို့အားလုံး ဖိနပ်လေးတွေကို တန်းစီပြီးချွတ်ထားကြသည်မလို့ ဝါဝင်းဝင်းသဲမှုန်တွေရဲ့ ခံစားမှုကို မက်သရူးရဲ့ ခြေဖဝါးပြင်မှတဆင့်ထိတွေ့နေရသည်။ အစ်ကို့ရဲ့စီစဉ်မှုကြောင့် မက်သရူးတို့လေးယောက်လုံး ဘူဆန်ကိုရောက်ခဲ့ရပြန်သည်။

*ဒါ ဘူဆန်ဆိုတာပေါ့*

မက်သရူးစိတ်ထဲမှ တွေးမိလိုက်ခြင်းပင်။ ကနေဒါမှာတုန်းက မက်သရူးတို့မိသားစုအနေနဲ့ အပျော်ခရီးထွက်ရခြင်းက အလွန်နည်းပါသည်။ နောက်ဆုံးခရီးတောင် မက်သရူး ၈နှစ်အရွယ်လောက်ကဖြစ်မည်။ မေမေက သူ(မ)လက်လျှော့ခဲ့ရတဲ့ ဆရာဝန်အိပ်မက်ကို မက်သရူးအားဖြစ်စေချင်ဇောနဲ့ ကျောင်းပိတ်ရက်တွင်တောင်မှ မက်သရူးခမျာ စာကိုသာ ကျိတ်မှိတ်လုပ်ခဲ့ရသည်မလို့၊ ဖေဖေကလည်း အလုပ်ရှုပ်လှတဲ့ ကုမ္ပဏီဝန်ထမ်းမလို့၊ မက်သရူးတို့မှာ မိသားစုစုံစုံလင်လင် ခရီးထွက်ဖို့ အခွင့်အခါမရခဲ့ပေ။

ပင်လမ်းကမ်းစပ်နားမှာ ဒူးလေးထောင်ကာ ထိုင်နေရင်း တွေးတွေးငေးငေးလေးဖြစ်နေပြန်တဲ့ မက်သရူးကို ဟန်ဘင်းငေးကြည့်မိရင်း ဒီကောင်လေးက ဘေးတိုက်ကြည့်တာတောင် ချောသားလို့လည်း မှတ်ချက်ချမိသည်။

ပင်လယ်လေကြောင့် ခပ်လွင့်လွင့်ဖြစ်နေတဲ့ ဆံပင်အုပ်အုပ်လေး၊ ပင်လယ်တစ်ဆုံးကိုငေးကြည့်ရင်း အတွေးလွန်နေပုံရတဲ့ မတိုမရှည်မျက်တောင်လေးနဲ့ မျက်လုံးလေးတွေ၊ ထိပ်လေးမှာမှ လုံးလုံးလေးဖြစ်သွားတဲ့ နှာတံစင်းစင်းလေးရယ်ကို တစ်ခုချင်းအသေးစိတ်လိုက်ကြည့်မိပြီးမှ ဟန်ဘင်းတစ်ယောက် ကိုယ့်လုပ်ရပ်ကိုယ်သတိထားမိသွားရင်း ရှက်ပြုံးပြုံးလိုက်မိလေသည်။ တစ်ဖက်မှာလည်း ဒီကလေးက တယ်လည်း အတွေးများနိုင်လွန်းတဲ့ ကလေးပါလားလို့ တွေးမိသွားသည်။

"မက်ချူးလေး ဘာတွေ တွေးနေပြန်တုန်း"

"အင်း မေမေ့အကြောင်းတွေးနေတာ၊ မေမေကလေ ငယ်ငယ်က ဆရာဝန်သိပ်ဖြစ်ချင်ခဲ့တာတဲ့၊ အဲ့တာကြောင့်ပဲ ကနေဒါထိ ပညာသင်ခွင့်ရအောင် ကြိုးစားခဲ့တာ၊ ကနေဒါရောက်မှ ကနေဒါသားဖေဖေနဲ့ဖူးစာပါရင်း ကျောင်းတဝက်တပြတ်နဲ့ ၁၈နှစ်မှာပဲ အိမ်ထောင်ကျသွားခဲ့တယ်၊ မေမေ့အသက်၁၉ကျ ကျွန်တော့်ကိုကိုယ်ဝန်ရလာခဲ့တာ၊ အဲ့ကတည်းကစပြီး မေမေက သူ့အိပ်မက်ကိုလည်းစွန့်လွှတ်လိုက်ပြီး သူ့ဘဝကို ဇနီးကောင်း မိခင်ကောင်းဖြစ်အောင်ပဲ နှစ်မြုပ်ထားပစ်လိုက်တာ၊ နောက်ပိုင်းတွေကျ ဘယ်တော့မှမအားမလပ်နိုင်တဲ့ ဖေဖေနဲ့ကျွန်တော်ကြောင့် မေမေလေ ကျွန်တော့်မြို့ထဲကလွဲရင် ဘယ်နေရာကိုမှတောင် မရောက်ဖူးသွားရတာ အခုဆုံးသွားတဲ့အထိပဲ..."

Apocalypse Where stories live. Discover now