၅
ဂင်ဖိုမြို့လေးမှာ နေတာကြာလာတာနှင့်အမျှ မက်သရူးလည်း သံယောဇဉ်တွေတွယ်လာရပြီဖြစ်သည်။ သူအရင်ကဖတ်ဖူးတဲ့အတိုင်း လူတွေဟာ ယေဘုယျအားဖြင့် အမေ့ဘက်ကဆွေမျိုးတွေကို အဖေ့ဘက်ကဆွေမျိုးတွေနဲ့ယှဉ်၍ ပိုချစ်ခင်တွယ်တာကြတယ်ဆိုတာ၊ အခု မက်သရူးလည်း အဲ့လူတွေထဲကတစ်ယောက်ဖြစ်လေပြီ။
ဒီမှာနေတာ တစ်ပတ်ပဲရှိပေမယ့် ဒီမြို့လေးရဲ့တောတောင်ရေမြေတွေကအစ အရာအားလုံးကိုပါ သူသံယောဇဉ်တွယ်မိနေပြီ။ အထူးသဖြင့် မြို့သူမြို့သားတွေ၊ သူတွေ့ဖူးနေကျ မျက်နှာဖြူဖြူ ဒေါင်ကောင်းကောင်းနဲ့ အင်္ဂလိပ်လူကြီးတွေနဲ့စာရင် ဒီကအာရှသားတွေဟာ စိတ်ထားကအစပိုမိုနွေးထွေးပြီး သူ့ကိုလှိုက်လှိုက်လှဲလှဲဂရုတစိုင်ရှိကြတယ်မဟုတ်လား။ ဒေါ်လေးယွန်းဟွာ၊ ယူဂျင်း၊ဂရူဗင်း ပြီးတော့ အစ်ကိုဟန်ဘင်း...သူ့ပေါ်အများကြီးကောင်းပေးခဲ့တဲ့သူတွေပါပဲ။ မေမေလည်း ဘာကြောင့် ဒီမြို့လေးကို နောက်ဆုံးအချိန်ထိ တမ်းတမ်းတတဖြစ်ခဲ့ရှာသလဲဆိုတာလည်း မက်သရူးနားလည်မိပြီထင်ပါတယ်။
သူ့အတွေးနဲ့သူ ဘေးက ဟန်ဘင်းကို မက်သရူးခေါင်းငဲ့ကြည့်မိတဲ့အခါမှာတော့ မိုးမခပင်ရဲ့ရိုးတံရှည်တွေလို မျက်တောင်တွေဝန်းရံထားတဲ့ ဟန်ဘင်းရဲ့မဟူရာရောင်မျက်ဝန်းတစ်စုံနဲ့ဆုံမိပြန်သည်။ သူတို့နှစ်ယောက် မကြာခဏအကြည့်ချင်း ခလုတ်တိုက်မိတာလည်း မဆန်းတော့ပေမယ့် အမြဲလိုလို အကြည့်အရင်လွှဲတဲ့သူကတော့ မက်သရူးဖြစ်နေခြင်းပင်။
"ဟင် ဘာဖြစ်လို့လဲ မက်ချူး"
"အင် ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း ဟိိုဟိုဒီဒီတွေးမိသွားရုံပါ"
"အဲ့ ဟိိုဟိုဒီဒီအတွေးတွေကိုကော အစ်ကို့ကိုမပြောချင်ဘူးလား မက်ချူးရဲ့"
"အင်း မပြောပြချင်ပါဘူး"
"ဟောဗျာ၊ မပြောချင်လည်းနေ"
"နေတာပဲကို၊ နေတယ်ဗျာ၊ အလိုက်မသိတဲ့သူတွေကသာ သူများအတွေးတွေကိုကအစ လိုက်မေးနေတာ၊ ကျွန်တော်ကတော့ ဘာနေနေ နေနိုင်ပါတယ်နော် ဟွန်း"

YOU ARE READING
Apocalypse
Romance"မက်ချူးသိလား မင်းရဲ့ အပြုံးတွေကလေ အခု အစ်ကိုတို့ပုံမှန်မြင်နေကျ နေရောင်ခြည်တွေထက်တောင်လှတာ။ တိတိကျကျပြောရရင် မိုးတွေသည်းကြီးမည်းကြီးရွာပြီးမှ သက်တံ့နဲ့အတူ ဖြာကျလာတဲ့ နေရောင်ခြည်နုနုလေးလို ကြည်နူးဓာတ်ပါတဲ့ အပြုံးမျိုးကွ" "ဟုတ်လား၊ အဲ့ဒါဆိုတော့ အဲ့သက...