1

2.3K 125 15
                                    

"အတန်းပြန်သွားတတ်ဦးမှာလား ပတ်ဆောင်းဟွန်း "

"ငါ့ကိုဒီပုံစံနဲ့ အတန်းသွားတတ်စေချင်နေတာလား"

ငယ်ရွယ်လတ်ဆတ်သော အသက်အရွယ်အပိုင်းအခြားတွေရဲ့ နေထိုင်မှုပုံစံတစ်စိတ်တစ်ပိုင်းတွေ.......။
လွတ်လပ်သောအရသာကို ပြည့်ပြည့်ဝဝခံစားခွင့်ရှိသော တက္ကသိုလ်ကျောင်းသားဘဝရဲ့ ရက်စွဲတွေ......။

တက္ကသိုလ်မိန်းလမ်းမကြီးပေါ်မှ အိမ်ရောက်သည်အထိ ပွန်းပဲ့ရာများပရပွရှိနေသော မျက်နှာကို မော့ချီထားသူသည် မျက်စိရှေ့က ထိုင်ခုံကြီးတွင် တင်းမာစွာထိုင်နေခဲ့သည်။ Civil Engineering Major King ဖြစ်သည့်အလျောက် လူဆိုးလိုလို လူဆိုးခေါင်းဆောင်လိုလို လူရမ်းကားလေးဟာစာ‌ပေ မေဂျာဘက်မှ အုပ်စုနှင့် လေးယောက်တစ်ယောက် အင်အားပြိုင်ခဲ့ခြင်းနောက်တွင် သူပဲ အလူးအလဲခံလာခံရသည်။ ပြင်းပြင်းထန်ထန် ထိုးခံထားရပုံရသော မျက်နှာဟာ သွေးစများကပ်ငြိနေပြီး အရက်ပြန်နှင့်သေချာသန့်စင်ပေးနေသူ၏ လှုပ်ရှားမှုများကို ငြိမ်ငြိမ်လေးထိုင်ကာ ခံယူနေသည်။

ဆောင်းဝင်စ အချိန်တွင် မျက်နှာတစ်ခြမ်းကျိုးကြေမတတ် ထိုးခံထားရသော လူသည် ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်‌နေခဲ့ပေမဲ့ စိတ်ကတော့ ငြိမ်မနေခဲ့ပါ။ အသက်ရှူသံပြင်းပြင်းထန်ထန်ဟာ တယောတွေ တန်းစီချိတ်ထားသော အခန်းထဲ ကျယ်ကျယ်လောင်လောင်စွတ်ပျံ့နေကာ ရန်ပွဲရှုံးလာရခြင်း‌အပေါ် သူလုံးဝ ကျေနပ်မနေကြောင်း သိသာသည်။
Civil Engineering Major King ဟာ တစ်ကျောင်းလုံး မျက်စိနောက်စရာကောင်းအောင် ဝင့်ကြွားထည်ဝါစွာ မာနတလူလူနှင့်နေပြခဲ့ပြီးမှ ကြွက်သေးသေးလေးလို ဒဏ်ရာတွေပရပွ သယ်ဆောင်ကာ အိမ်ပြန်လာရခြင်းသည် သူ့ Image ကို သိပ်ထိခိုက်စေပါသည်။

မွေးကတည်းက တောက်လောင်လွယ်သော စိတ်ဟာ အလွန်အမင်းဒေါသထွက်နေပြီး တရှူးရှူးတရှဲရှဲနှင့် ဘယ်သူ့ကိုပြေးရန်တွေ့ရမှန်းလဲ မသိ။ မနိုင် နိုင်ရာကိုတော့ အာဏာထပြလိုက်ချင်သည်။

"လူကြည့်တော့ ကလေးဗိုလ်လိုလို သုံးနှစ်သားလိုလို လက်သည်းခွံလောက်လေးနဲ့ လေးယောက်တစ်ယောက် ချလာသေးတယ်။ အသက်အိမ်ပြန်ပါလာတာ ကျေးဇူးတင်လိုက်တာ"

Memory PoemWhere stories live. Discover now