3

1.1K 91 37
                                    

November လလယ်တွင် စာ‌မေးပွဲနှင့် သိပ်နီးကပ်နေပြီမို့ ဟီဆွန်းရော ဆောင်းဟွန်းပါ ကျောင်းပြန်တတ်နေရသည်။ Civil Engineering Major ရဲ့ ကျောင်းကော်ရစ်တာတွင် ဆောင်းဟွန်းဟာ ရေဗူးကိုလက်တွင်ကိုင်ထားပြီး အင်အား‌မဲ့စွာ ခြေလှမ်းတစ်လှမ်းချင်းစီလှမ်းရင်း အတန်းရှိရာကို ဦးတည်နေသည်။ ဟီဆွန်းဟာ ဆောင်းဟွန်း လွယ်အိတ်ရော သူ့လွယ်အိတ်ကိုပါ ပခုံးတစ်ဖက်စီတွင် ချိတ်ထားပြီး အနောက်တွင် စိုးရိမ်တကြီး အပူတပြင်းမျက်နှာထားနှင့် လိုက်ပါလာသည်။

"ဒီလောက်ဖျားနေတာကို အတန်းမတတ်ပါနဲ့တော့လား...."

"မရဘူး....စာမေးပွဲနီးနေပြီ"

"စာမေးပွဲနဲ့ မင်းကျန်းမာရေး....ဘယ်ဟာက ပိုအရေးကြီးလဲ သိရဲ့သားနဲ့"

"စာမေးပွဲ....စာမေးပွဲကျရင် ငါ့imageထိတယ်"

"မဟုတ်တာတွေကို လိုက်စဉ်းစားမနေနဲ့ ဆောင်းဟွန်း"

"နားညီးလိုက်တာ အီဟီဆွန်း...."

Jake မွေးနေ့အပြီးတွင် ဆောင်းဟွန်းဟာ အရက်နာကျပြီး နောက်နေ့များတွင် အပြင်းဖျားခဲ့သည်။ နောက်ထပ်သုံးရက်လောက် ကျောင်းပျက်‌လိုက်ရသော်လည်း ဒီနေ့တွင်တော့ စာမေးပွဲနီးပြီဟုဆိုကာ တက္ကသိုလ်ရဲ့လမ်းမတွေပေါ် ပြန်ရောက်လာခဲ့သည်။ ဟီဆွန်းဟာ ဆောင်းဟွန်းဖျားနာနေသောရက်တွေအတွင်း ညလုံးပေါက်အနားတွင်နေပေးခဲ့ကာ လိုအပ်တာတွေအကုန်လုပ်ပေးခဲ့ပြီး ကျောင်းမတတ်ဖို့တဖွဖွပြောသော်လည်း မရခဲ့။ Hoodie အဖြူရောင်ကြီးနှင့် Mask ကိုဆွဲတပ်ကာ ရေဗူးနဲ့ကျောပိုးအိတ်ဆွဲပြီး အိမ်က အတင်းထွက်လာတော့ ဟီဆွန်း အသည်းအသန်လိုက်လာရပြန်သည်။

စာတွေအပေါ် ဒီလောက်စိတ်ဝင်တစားရှိသူမဟုတ်သော်လည်း စာမေးပွဲကျရင် Major King ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှက်စရာကောင်းသည်ဟုသတ်မှတ်ထားသူသည် ယိုင်နဲ့စွာ အတန်းထဲ ဝင်ထိုင်တော့လည်း ဟီဆွန်းဟာ ဘေးတွင် လိုက်ထိုင်ရသည်။ ဘယ်ဘက်ပခုံးတွင်လွယ်ထားသော သူ့လွယ်အိတ်ကို ခုံပေါ်တင်ကာ အင်္ကျီအိပ်ကပ်ထဲမှ လက်ကိုင်ပဝါကိုထုတ်ပြီး ချွေးစို့နေသော ဆောင်းဟွန်းနဖူးကို ခပ်ဖွဖွသုတ်ပေးသည်။

Memory PoemWhere stories live. Discover now