16

1.2K 122 54
                                    

ဘဝတွင် ချစ်ခြင်းမေတ္တာဆုံချက်နှင့်သာ လွဲတတ်ခဲ့သည်ဟုသာ ထင်ခဲ့သော်လည်း တကယ်တမ်းမှာ ဟီဆွန်းနှင့်ပါ လွဲပြန်သည်။
ဟီဆွန်းကိုယ်တိုင် ချစ်ပါတယ်လို့ ဝန်မခံခင်ကတည်းက မသိမသာလွဲနေခဲ့ကာ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟဝန်ခံပြီးနောက် အရာရာဟာ အလွဲတွေချည်းတန်းစီလာသည်။

Dubai ရောက်တော့လည်း ရိုးရာမပျက်ပင် လွဲကြပြန်သည်။

တိတ်ဆိတ်သွားသော Hotelခန်းလေးတစ်ခန်း၏ ညနှစ်နာရီကျော်အခြေအနေတစ်ခုမှာ ဟီဆွန်းအသံလည်းမကြားရသလို ဆောင်းဟွန်းသည်လည်း တိတ်တိတ်ဆိတ်ဆိတ်ပင်။
King size မွေ့ယာကြီး၏ တစ်ဖက်စွန်းတွင်ဟီဆွန်းဟာ ငြိမ်သက်စွာလဲလျောင်းနေပြီး ဆောင်းဟွန်းရှိရာကို ကျောပေးထားသည်။မမျှော်လင့်ထားသောအနေအထားအထိရောက်သွားကာ ဟီ‌ဆွန်းသည် အတိုင်းထက်အလွန်ပင် ငြိမ်သက်သွားခဲ့သည်။ တိတ်ဆိတ်ခွေခေါက်နေပုံမျိုးဟာ တမင်ဇာတ်နာပြနေတာမျိုးမဟုတ်။ ဟီဆွန်းရာဇဝင်မှာ ငြိမ်သက်ကာခွေနေပြီဆိုတိုင်း စိတ်အစိုင်အခဲတစ်ခုခုကိုပွေ့ပိုက်ထားရလို့ဆိုတာ ကျကျနနသိနေခဲ့ပြိးသားပင်။

ဒီလိုမျိုးဆိုရင် မချစ်ချင်တော့ဘူး ဆိုတဲ့စကားဟာ ဘယ်လိုကြောင့်နှုတ်ဖျားမှ ထွက်ကျသွားရသလဲမပြောတတ်။ ရည်ရွယ်ခဲ့တာဟာ ဒီလိုစကားမျိုးလည်းမဟုတ်။

အမြင့်ကြောက်မှန်းသိသိရက်နဲ့ အတင်းခြောက်လန့်ခြင်းကိုပင် စိတ်ထဲတင်းသွားကာ ဘာရယ်မဟုတ်‌ပြောလိုက်သည့်စကားဖြစ်၏။ ထိုစကားဟာ ဟီဆွန်းအား အကြီးအကျယ်ထိခိုက်စေခဲ့တာကို ဆောင်းဟွန်းသိ၏။ ဘယ်က‌ဘယ်လိုစလွဲသွားသလဲ မတိုင်းထွာတတ်တော့ပေမဲ့ ဒီကဏ္ဍတွင်တော့ သူမှားတာကို ရိုးရှင်းစွာဝန်ခံပါသည်။ ကလေးဆန်လို့မရဘူးဟု တင်းကြပ်စွာတားမြစ်ထားရင်းပင် ဖြစ်ပျက်သွားသော ကိစ္စဟာ ကလေးဆန်ဆန်ပါပင်။ ရယ်စရာကောင်းသော်လည်း အသံပင်မထွက်နိုင်ခဲ့။

ဝရံတာမှ အိပ်ခန်းထဲပြန်ရောက်လာကတည်းက ဟီဆွန်းသည် အင်္ကျီချွတ်ထားရက်အတိုင်းပင် ဝင်လှဲနေကာ မျက်လုံးတွေမှိတ်ထားသည်မှာ သိပ်ကြာနေပြီဖြစ်၏။ မအိပ်သေးသော ဟီဆွန်း၏ အသက်ရှူသံသဲ့သဲ့ကို ကုတင်ဖျားတွင်ထိုင်နေရင်းကြားနေရသည်။ တစ်ချက်တစ်ချက် ပင့်သက်ရှိုက်သံကိုပါကြားလိုက်ရသောအခါ ဟီဆွန်းငိုနေတာလားဆိုသည့် အသိဟာ လိပ်ပြာမလုံစေခဲ့။

Memory PoemWhere stories live. Discover now