6

840 89 29
                                    

"ကျောင်းမှာ တစ်ခေတ်ပြန်ထလာတော့ ငါ့ကိုတောင် ဘာမှမပြောဘဲပုံစံတွေပြောင်းလာတာ ကြည့်ကောင်းတာလဲမဟုတ်ဘဲနဲ့"

အရောင်အသွေးစုံလင်နေသော Hoodie ကြီးနှင့် Jeans အရောင်ခပ်စိုစိုကို အဖြူရောင် sneakerဖြင့်တွဲဝတ်ထားသည့် ဟီဆွန်းပုံစံကို ခေါင်းစခြေဆုံးကြည့်ကာ ပြောသောစကား။ ပုံမှန် သေသပ်စွာလှန်တင်သိမ်းထားတတ်သော ဟီဆွန်းရှေ့ဆံပင်တွေဟာ နဖူးပေါ်ကို ဝဲခါကျနေကာ တမူထူးခြား‌သောအပြင်အဆင်ကြောင့် ဆောင်းဟွန်းဟာ သိပ်ကြည်မနေပါ။ ဆယ်ထည်စီး အင်္ကျီ တွေနှင့် ပုံတုံးဘောင်းဘီတွေကိုသာ တစ်သက်လုံးအလဲအလှယ်လုပ်ဝတ်လာသူဟာ ဒီနေ့တွင် ဆယ့်ခြောက်နှစ်အရွယ်‌ကောင်လေးလို လန်းဆန်းနေပြီး ပုံမှန်လို ၃၅နှစ်အရွယ် အပြင်အဆင်မဟုတ်။

မှိုင်းပြနေသောအရောင်နှင့် အဝတ်အစားကို ကြည့်ကောင်းရုံလောက်သာ ပြင်ဆင်လာခြင်းသည် မှားသွားပြီဟုတွေးမိသွားကာ အနုပညာမေဂျာဘက်သို့ သွားနေစဉ်တစ်လျှောက်လုံး ဆောင်းဟွန်း မျက်နှာဟာမှောင်မဲလာသည်။

ဟီဆွန်းဟာ Off My Face ဆိုလိုက်သောနေ့ကစပြီး တက္ကသိုလ်တွင် ပထမနှစ်ကလို နာမည်ပြန်မွှေးလာကာ မိန်းကလေးတွေကြား ပြန်ရေပန်းစားလာသည်။ဟီဆွန်း ပခုံးဒဏ်ရာ ရပြီးကတည်းက ဆောင်းဟွန်းဟာ အနုပညာမေဂျာဆီသို့ နှစ်ရက်တစ်ခါ လိုက်ပို့တတ်သည်။ ဟီဆွန်း၏ အနုပညာမေဂျာဆီသို့ သွားနေသောလမ်းတစ်လျှောက်လုံးတွင်လည်း ကျောင်းသူအများအပြားဟာ ဟီဆွန်းကို သဘောတကျလှမ်းကြည့်နေကြခြင်းကိုမြင်ရတာ အဆင်ပြေမနေ။ ငါးနှစ်မပြည့်ခင်ကတည်းက သူ့ဘေးတွင် ရိုးရိုးအအနှင့် အရောင်မှိန်ဖျော့စွာ နေလာခဲ့သူမို့ ဒီလိုအခြေအနေမျိုးတွေကို ဆောင်းဟွန်းမကြိုက်။

သူကပဲ Model တစ်ယောက်လို ကြွကြွရွရွ မော်ကြွားဖို့အာရုံစိုက်ခဲ့ပြီး ဟီဆွန်း၏ ရိုးရှင်းလွန်းသောပုံစံအပေါ် စိတ်ဝင်တစားမရှိခဲ့။ သို့သော် အခြေအနေဟာ ဖျတ်ဖျတ်လတ်လတ်ပင်။ ဆောင်းဟွန်းဟာ လန်းဆန်းသပ်ရပ်နေသော ဟီဆွန်းဘေးတွင် ကိုယ်ပျောက်လူသားလေးလို ကော်ရစ်တာတစ်လျှောက်လုံး လိုက်လာခဲ့ကာ မျက်နှာသည်သိပ်မကောင်းတော့။

Memory PoemWhere stories live. Discover now