"ဟီဆွန်း ဆက်နေတာမလား ဘာလို့မကိုင်ဝာာလဲ"
"ကျွန်တော်မှ မအားဝာာ"
"တစ်ခုခုဖြစ်ခဲ့ကြပြန်ပြီမလား။ နင့်အတွက်ပဲရင်မောနေရတယ် ဟီဆွန်းကို ဘာလုပ်ခဲ့ပြန်တာလဲ"
"ဘာလုပ်ရမှာလဲ မေမေကလဲ။ သူပဲလုပ်တာ သူပဲမှားတာ သူပဲပုံစံမကျတာ"
ညဈေးတန်းမှ တစ်ယောက်တည်းပြန်လာခဲ့ပြီးနောက် ဆောင်းဟွန်းသည် ဟီဆွန်းအိမ်သို့ ခြေဦးပင်မလှည့်ဝောာ့ပါ။ အိမ်ကိုသာ တန်းမတ်စွာပြန်လာခဲ့ပြီး မနက်မိုးလင်းကတည်းက အဆတ်မပြတ်ခေါ်ဆိုနေသော ဟီဆွန်းဖုန်းကိုလည်း လျစ်လျူရှုထားလိုက်သည်။
မေမေသည်လည်း ဖျားနာနေသည်မို့ ဘာမှမဖြစ်ခဲ့လျှင်တောင် ဟီဆွန်းဆီသို့ သွားမည်မဟုတ်။အဝါရောင်အိပ်ယာထဲ အနွေးထည်အထပ်ထပ်ဖြင့် လဲလျောင်းနေသော ဖျားနာနေသည့် မေမေသည် ဆောင်းဟွန်းအိမ်ပြန်ရောက်ရောက်ချင်းမှာပင် ရောဂါဒဏ်ခံနေရခြင်းဖြစ်သည်။ သူသည်လည်း မေမေ့အနားတွင်ရှိနေကာ တစ်ရေးမှမအိပ်ရသေး။ မနက်စောစောတွင် ဆရာဝန်ပင့်ကာ မေမေ့အတွက်ကုသခံယူပြီးနောက် ဆောင်းဟွန်းသည် ဝေယျာဝစ္စအလုံးစုံကို လုပ်ကိုင်ပေးနေရင်း ဟီဆွန်း ဖုန်းကိုပင်လက်ခံဖြေကြားခြင်းမရှိခဲ့။
ညက ဝမ်းနည်းဒေါသသည်လည်း အရှိန်မသေသေးသောကြောင့် ဖြစ်ပါလိမ့်မည်။
"ကိုင်လိုက်ပါ။ ဘာအရေးကြီးလို့ အဲ့လောက်ဆက်တိုက်ခေါ်နေတာလဲမှမသိတာ"
စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ အအေးခံပေးနေသည့် ဆောင်းဟွန်းကို မေမေက ရည်ရွယ်ပြောလာသည်။ ထိုအခါ ထိုင်နေသောခုံဘေးတွင်ရှိနေသည့် ဖုန်းဆီသို့ မျက်စိရွေ့လိုက်သည်။ ဖုန်းဘယ်နှကောလ်ရှိနေပြီလည်းတောင် မရေမတွက်နိုင်တော့။ ဟီဆွန်းသည် ဖုန်းမကိုင်မချင်းခေါ်နေမည့်ပုံရကာ သူသည်လည်း ဖုန်းပြောဖို့စိတ်ကူးမရှိ။ ထို့ကြောင့် မေမေ့ကိုခေါင်းခါပြလိုက်ပြီးနောက် စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်ပြန်တင်ထားလိုက်ကာ ပြတင်းပေါက်နားသို့ ခပ်ဖြေးဖြေးလျှောက်သွားလိုက်သည်။