"အခုပဲရောက်တယ်ဗျ"
"....."
"ဆောင်းဟွန်းလဲ အဆင်ပြေပြေရှိနေပါတယ်။ စိတ်ချပါ"
"...."
"ဟုတ်ကဲ့"
တောင်ကိုရီးယား၏ မြို့လေးတစ်မြို့မှ Dubaiမြေပေါ်သို့ရောက်လာခြင်း ကဏ္ဍတွင် ၉နာရီခွဲနီးပါး လေယာဉ်စီးခဲ့ကြရသည်။ ဘာရယ်မှန်းမသိ Visa တွေအပြေးအလွှားလုပ်ရကာ နှစ်ဖက်မိသားစုအား တစ်နေ့လုံးတစ်ညလုံး ခက်ခက်ခဲခဲ Permission တောင်းခဲ့ကြရပြီးနောက် ခြေချရသော Dubai မြေ။ Jake ၏ အဖေဖြစ်သူဟာ Dubaiကို လေလံပွဲတစ်ခုကြောင့်လာသည်ဟု သိခဲ့ရကာ Jake သည်လည်း တစ်ယောက်တည်းမဖြတ်သန်းနိုင်သောကြောင့် ဆောင်းဟွန်းတို့ကိုပါ အမိအရခေါ်လာခဲ့သည်။ ထိုသို့ပင် Dubai မြေပေါ်သို့ မြိုင်ဆိုင်စွာခြေချခဲ့ကြ၏။ လေယာဉ်ပေါ်ကဆင်းကာ ပတ်ဝန်းကျင်ကို အကျယ်တဝင့်စူးစမ်းကြည့်တော့ ညပိုင်းကိုပင် ရောက်နေပြီဖြစ်၏။
Jake အဖေဖြစ်သူနှင့် Jakeဟာ လေယာဉ်ပေါ်ကဆင်းကတည်းက တည်းခိုမည့်ဟိုတယ်အကြောင်း သေချာရှင်းလင်းပြကာ သူတို့ကတော့ တက်တက်ကြွကြွပင်။ ခရီးပန်းနေပုံလည်းမရ။ ဟီဆွန်းသည်လည်း Jake အဖေဖြစ်သူခေါ်ဆောင်လာရာနောက် ဆောင်းဟွန်းအိတ်ရောသူ့အိတ်ကိုပါဆွဲကာ အေးရာအေးကြောင်း လိုက်လာ၏။ သို့သော် ဆောင်းဟွန်းကတော့ အသံပင်ထွက်မလာသေး။
"အန်တီလေးက မင်းအဆင်ပြေလားလှမ်းမေးတယ်"
"အင်း...."
"တကယ်လဲ အဆင်ပြေတယ်မလား"
"အင်း"
အဖြူရောင်များကိုထည်ထည်ဝါဝါပင် ဝတ်ဆင်ထားသော လူဆိုးဗိုလ်သည် ခရီးပန်းနေပုံရကာ အနည်းငယ်ဖြူဖျော့နေသည်။ အသံပင် ညောင်ညောင်လေးထွက်လာကာ ဟီဆွန်းသည် တိုးလျလွန်းသော တုန့်ပြန်သံကို ခက်ခဲစွာနားထောင်ရသည်။ ခရီးဆောင်အိတ်နှစ်လုံးအား လက်တစ်ဖက်စီတွင် ဆွဲထားပြီး Airport အပြင်ဘက်တွင် ကားစောင့်ရမည့်နေရာကိုရောက်သည်အထိ ဆောင်းဟွန်းဟာ လန်းဆန်းမလာ။ မျက်နှာရိပ်ကို ဂရုတစိုက်ကြည့်မိတော့ မျက်လုံးလေးတွေပင်အရောင်မှိန်နေကာ အောက်နှုတ်ခမ်းကို တတိတိကိုက်နေသည်။