20

874 85 25
                                    

ချစ်ခြင်းမေတ္တာတွေ စုစည်းချည်နှောင်ထားတဲ့ တိမ်စိုင်လေးတစ်ခု ဟီဆွန်းရဲ့ ကောင်းကင်မှာ နေရာတကျရှိတယ်။

သံစဉ်‌တွေ သီချင်းတွေနဲ့ ဆောင်းဟွန်းရဲ့ရယ်သံတွေ ထည့်သွင်းသိုလှောင်ထားတဲ့ အဝါရောင်ပူဖောင်းလေးကို ဟီဆွန်းအမြဲကိုင်ဆွဲထားတယ်။ ဘဝအတွက် မရှိမဖြစ်လိုအပ်နေတာတွေပါ ဆိုတဲ့ ခေါင်းစဉ်နဲ့။

ချစ်ပြီးတဲ့အခါလည်း ထပ်ချစ်ခဲ့တယ်။ ချစ်လို့မဝတဲ့ ရက်စွဲတွေမှာ နေ့နေ့ညည ရင်ခွင်ထဲထည့်ပြီး ခပ်တင်းတင်းလေးဖက်ထားလိုက်တယ်။ သိပ်ချစ်ဆိပ်တက်လာရင်တော့ ဆောင်းဟွန်းရဲ့ ခြေဖျားလက်ဖျားလေးတွေကို တဖွဖွနမ်းရင်း ဆောင်းဟွန်းရဲ့ ရယ်သံတွေထဲကိုပဲ ဘဝကို နှစ်မြုပ်ထားလိုက်တယ်။

ချစ်ခြင်းတွေ ထုံသင်းနေတဲ့ လေထုကို ရှူရှိုက်ပြီး တယောတွေနဲ့ ဘဝရဲ့ဖြေဆေးလို လူတစ်ယောက်ရှိတဲ့ အခန်းထဲမှာပဲ အသက်တွေတစ်ရက်ပြီးတစ်ရက်ကြီးတယ်။

နွေရာသီကိုပြန်ရောက်လာတိုင်း နွေဦးပန်းလေးနဲ့နေဝင်ချိန်တွေကို ‌တမေ့တမောငေးတယ်။ ဒီစကြဝဠာမှာတော့ နွေရာသီရဲ့နေဝင်ချိန်တွေက သိပ်လှတယ်။ အောက်တိုဘာကို ပြန်ရောက်တဲ့အခါလည်း ဆောင်းဟွန်းကို ထွေးပွေ့ထားပြီး တယောတစ်လက် ၊ နွားနို့တစ်ခွက်နဲ့အတူ တအုံ့တနွေးဖြတ်သန်းခဲ့ရတာပဲ။ တစ်ချို့သော ဒီဇင်ဘာတွေမှာတော့ ဆောင်းဟွန်းရဲ့ မျက်တောင်ဖျား‌လေးတွေကို ခပ်ဖွဖွနမ်းရင်း အနွေးဓာတ်ကိုမှီဝဲရတယ်။

ဟီဆွန်းရဲ့ လေးဥတုကတော့ ၃၆၅ရက်လုံး သာယာပြာလွင်နေခဲ့တာချည်းပါပဲ။ မေတ္တာပေးလို့ မေတ္တာပြန်ရတဲ့ လူတွေထဲမှာ ဟီဆွန်းလည်း ပါဝင်နေခဲ့ပြီး လုံလုံလောက်လောက်ပြန်အချစ်ခံခဲ့ရတယ်။ ဖူးစာရေးနတ်ရုပ်လုံးဖော်ပေးတဲ့ အကွေ့အဝိုက်လေးတွေပါပဲ။ သိပ်လှတယ်။ အကျယ်ဖြန့်ပြီးတွေးလိုက်ရင် ဒီဖြစ်ရပ်တွေက သိပ်ချစ်စရာ‌ကောင်းတယ်။

အဝါရောင်ပန်းရိုင်းလေးတွေကို နွေလယ်ညရဲ့ကြယ်တာရာတွေမှာ စနစ်တကျချိတ်ဆွဲခဲ့ကြတာ။ ဒါဟာ ချစ်နေကြပြီးဖြစ်တဲ့ ကာလအပိုင်းအခြားတစ်ခုမှာ ရုပ်လုံးကြွလာတဲ့ ဆေးရေးစုတ်ချက်တွေပါ။ ဒါဟာ ... တူညီတဲ့ အမှတ်တရတွေရှိခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့ ကဗျာမှာ အပွန်းအပဲ့ကင်းကင်း ချန်ရစ်ခဲ့နိုင်တဲ့ အဖြူရောင်သတ်ပုံလေးတွေပါပဲ။

Memory PoemWhere stories live. Discover now