" ရင်ခတ်ပန်း "
==========
အပိုင်း-၁"မြစိမ်းရောင်" စံအိမ်
အပြာရောင် အိမ်ကြီးက..ခေတ်သစ်နဲ့အညီ အပြိုင်ဟီးထ လှပနေသည်။
ထိုအိမ်ကြီးရဲ့ ဧည့်ခန်း တစ်နေရာတွင်....
ဆိုဖာတွင် နောက်မှီပြီး..ကျကျနန ထိုင်နေသော အမျိုးသမီး...
သူမသည် "သစ်ရွက်စိမ်း"...
သူမရဲ့ ခြေထောက်နားတွင် ပုဆစ်တုပ်လေးထိုင်ပြီး သစ်ရွက်စိမ်းရဲ့ခြေချောင်းလေးတွေကို ခြေသည်းနီ ထိုင်ဆိုးနေသော ကောင်မလေး တစ်ယောက်ရှိလေသည်။
ထိုကောင်မလေးသည် ရှိလှမှ အသက် ၁၄ ၁၅ပင်၊သို့သော် အသက်နဲ့မလိုက်ဖက်စွာပင် ရှည်လျားမဲနက်နေသော ဆံပင်ရှည်တို့သည် ကျောလယ်ထိ ဖြာဆင်းနေ၏။
သူမသည် "ရင်ခတ်ပန်း"
"ရင်ခတ်ပန်း နင် ဒီနေ့ရော ပြီးဦးမှာလား"
"တစ်ချောင်းပဲ ကျန်ပါတော့တယ်"
"အေး မပေစေနဲ့နော်...."
"ဟုတ်ကဲ့ မပေစေရပါဘူး"
ရင်ခတ်ပန်းက ပြီးစီးသွားတဲ့ ခြေထောက်လေးကိုကြည့်ပြီး လက်သည်းနီဘူးလေးတွေကို ကောက်သိမ်းလိုက်သည်။
"ပြီးပါပြီ"
သစ်ရွက်စိမ်း ခေါ် စိမ်းက ခြေချောင်းလေးတွေကို တစ်ချက် ငုံ့ကြည့်ပြီး...
"ပြီးရင် သွားလေ..ဘာထိုင်လိုက်နေတာလဲ"
"ဟုတ်ကဲ့"
ရင်ခတ်ပန်း ထိုနေရာမှ ခပ်ရို့ရို့လေး ထလာခဲ့သည်။ထို့နောက် အခန်းတံခါးတစ်ခုရှေ့တွင် ရပ်လိုက်ပြီး...
"ဘွား"
"ခခ လား ဝင်လာခဲ့လေ မြေး"
ရင်ခတ်ပန်း ခေါ် ခခက အခန်းတံခါးလေးဖွင့်ပြီး...
"ဘွား ဘာလုပ်နေတာလဲ.."
"မလုပ်ပါဘူး မြေးရဲ့ တရား စာအုပ်လေးဖတ်နေတာ"
ခခက အဘွားဖြစ်သူ..ဒေါ်ပန်းမြတ်ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး...
"ခခ ဖတ်ပြပေးရမလား"
"ကောင်းတာပေါ့"
ခခက အဘွားဖြစ်သူဆီက စာအုပ်လှမ်းယူပြီး သံနေသံထားနဲ့ စဖတ်လိုက်၏။