Part -6

2K 44 0
                                    

" ရင်ခတ်ပန်း "
==========
အပိုင်း-၆

ခခ သစ်ခွပန်းလေး ကိုင်ပြီး အိမ်ထဲ ဝင်လိုက်ရုံရှိသေး..

"ဖြန်းး"

ခခ မျက်နှာလည်ထွက်ခြင်းနဲ့အတူ မျက်လုံးက ကြယ်တွေလတွေ ပြိုးပျက်လက်ကုန်သည်။

ခေါင်းမထူနိုင်ခင်မှာပင် ဘာကြောင့်လဲဆိုတာ ခခ အသည်းအသန် စဉ်းစားရသည်။

သို့သော်..စိမ်းရဲ့မာကြောသော အသံက ဟီးထွက်လာ၏။

"ကောင်မ နင့်အမေလမ်းစဉ်အတိုင်းပဲ လိုက်နေပြီပေါ့လေ"

ခခ ဖူးယောင်လာတဲ့ပါးလေးကို ဖိအုပ်ထားလိုက်ပြီး...

"ခခ ဘာလုပ်လို့လဲ"

"အောင်မာ..လာမေးနေသေးတယ် နင် လုပ်တာ နင်မသိဘူးလား..နင် ဟိုဖက်ခြံက ကောင်လေးကို မျက်စပစ် အထာပေးပြီး မြူဆွယ်နေတာလေ.."

"ခခ မြူမဆွယ်ပါဘူး ခခ အဲလိုမိန်းကလေးမျိုးလည်း မဟုတ်ဘူး"

"မဟုတ်ရအောင် ဘာမဟုတ်ရတာလဲ..ဒီလောက်အပိုးကျိုးအောင် ချိုးထားပါလျက်နဲ့ အိမ်ပြင်ထွက်တာနဲ့ ဗီဇပြပြီ"

"အဟင့်ဟင့်"

"ငါ ဟိုဖက်အိမ်နဲ့ မျက်နှာမပျက်ချင်ဘူး အဲကောင်လေးနဲ့အဆက်အသွယ်ဖြတ်"

"ဟင် ချိန်းနဲ့က သူငယ်ချင်းပါ"

စိမ်း ဒေါသ ထွက်သွားရကာ...

"ဟေ့ တစ်ခွန်းမကျန်ပြန်ပြောနေပါလား အားကိုးရှိနေပြီပေါ့လေ..ဟုတ်လား "

"ခခ အဟင့်..ခခက အဲလိုမျိုး မဟုတ်ပါဘူး အန်တီရယ်.."

"တော်စမ်း..ဒီပန်းက ဘာလဲ နင် တောင်းလို့ပေးတာ မဟုတ်ဘူးလား"

"ခခ မတောင်းပါဘူး သူလာပေးတာပါ"

စိမ်း ချိန်းရဲ့မြလေးထက် ခခကိုပိုအလေးပေးတာကို မြင်ယောင်ပြီး ....

"ပေးစမ်း..အဲပန်း.."

စိမ်းက ခခ လက်ထဲကနေ သစ်ခွပန်းခိုင်ကို ဆက်ခနဲ့ဆွဲယူလိုက်ပြီး...

"အဟွန်းး"

ဟွန်းခနဲ့ တစ်ချက်မဲ့ပြီး ကြမ်းပေါ်ပစ်ချလိုက်သည်။ထို့နောက် ဒေါက်ဖိနပ်နဲ့ ဖိနင်းလိုက်ပြီး...တစ်ဒေါက်ဒေါက် ထွက်ခွာသွားလေသည်။

ရင်ခတ်ပန်းWhere stories live. Discover now