" ရင်ခတ်ပန်း "
==========
အပိုင်း-၄"ကလင် ကလင်"
နောက်က စက်ဘီးဘဲလ်သံကြောင့် ခခလှည့်ကြည့်လိုက်သည်။
"ချိန်း"
ချိန်းက စက်ဘီးပေါ်ကဆင်းပြီး ..ခခကို ပြုံးပြသည်။.
"ချိန်း..နင်..စက်ဘီးနဲ့ပါလား"
"အင်း..ငါလဲ စက်ဘီးနဲ့ကျောင်းသွားချင်လို့လေ..ဒါနဲ့..နင် စက်ဘီး စီးတတ်လား"
"ဟင့်အင်း"
"သူများနောက်ကကော့ စီးဖူးလား"
"ဟင့်အင်း တစ်ခါမှ မစီးဖူးဘူး"
"ဟုတ်လား ဒါဆို စီးကြည့်မလား"
ခခက စဉ်းစားသလိုလေးလုပ်လိုက်ပြီးမှ...
"ငါမှ မစီးတတ်တာ ချိန်းရယ်"
"ငါ သင်ပေးမယ်လေ..ခုတော့ ကျောင်းနောက်ကျလိမ့်မယ်..ငါ့နောက်မြန်မြန်တက်"
"ဟင် ငါမစီးတော့ဘူးလေ"
"ခခ မြန်မြန်တက်ဟ ကျောင်းနောက်ကျရင် နင့်ကြောင့်"
"ငါ့ကြောင့်.."
"အင်း တက်"
ချိန်း လူလည်လုပ်ပြီး ခခကို တက်ခိုင်းရသည်။ခခက မဝံ့မရဲနဲ့..စက်ဘီးကယ်ရီယာပေါ် တတက်ထိုင်လိုက်သည်။
"ကဲ နင်းပြီ"
"အိုးး"
ခခက ပြုတ်ကျမလိုဖြစ်သွားသဖြင့်...
"ခခ ငါ့ကို ကိုင်ထားလေ"
"အင်း.."
ချိန်းက သူခါးလေးပေါ်ရောက်လာမယ့့််ခခလက်လေးကို မျှော်လင့်နေခဲ့ပေမယ့် ခခက ချိန်းကျောပြင်လေးကိုသာ အင်္ကျီစနဲ့အတူ ရောထွေးဆုပ်ကိုင်ထားလေသည်။
နွေးသော ခံစားချက်သည် ခခလက်ဖဝါးလေးဆီကနေ အချစ်ရှိသော ချိန်းရင်ဖက်ခြမ်းနှလုံးသားတိုင် တဖြည်းဖြည်း စီးဆင်း၏။
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
"ဟယ် ဟိုမှာ မြလေး. ကြည့်စမ်း"
မြလေး ဝသုန်ညွန်ပြရာ ကျောင်းတံခါးဝကြည့်လိုက်တော့...မျက်နှာတစ်ခုလုံး သုန်မှုန်သွားရသည်။