" ရင်ခတ်ပန်း "
===========
အပိုင်း-၉"ခခ"
ချိန်း အသံမထွက်ဘဲ ရင်ဖက်ထဲက မြည်ဟီးခေါ်လိုက်မိသည်။
"ခခက ဒီမှာ ဘာလုပ်နေတာလဲ"
သူ အတွေးမဆုံးမီပင် ခခက ချိန်းကိုမြင်သွားသည်။ ခခက ချိန်းကို ခဏလေးမျှ ငေးကြည့်ပြီး..လှစ်ခနဲ့ အိမ်ထဲပြေးဝင်သွားခဲ့သည်။
"သူ မမှတ်မိဘူးကိုး.."
ချိန်း ကျောပိုးအိတ်ကြိုးလေးကို ပင့်တင်ပြီး အိမ်ထဲ ဝင်လာခဲ့သည်။ထို့နောက် အဘွားရှိရာ အခန်းဆီသို့....
"အဘွား..."
ဒေါ်သုခ အခန်းထဲတွင် ဧည့်ခန်းလိုပင် စားပွဲနဲ့ထိုင်ခုံတွေရှိသည်။...
ဒေါ်သုခက ထိုင်ခုံပေါ်မှာ ထိုင်နေရင်းက တအံတသြ မော့ကြည့်ပြီး...
"မြေး...ငါ့မြေးလေး..ရောက်လာပြီ"
ချိန်း ဒေါ်သုခ ကိုယ်လုံးအိအိလေးကိုနောက်ကနေ သိမ်းဖက်လိုက်ပြီး...
"ကျွန်တော်ကို မျှော်နေတာလား..."
"အင်းပေါ့ မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ ပဲရစ်သွားတာတောင် အသိမပေးခဲ့တဲ့ထားရက်နိုင်ခဲ့တဲ့ မြေး.."
"အဘွားက အဲဒါကို စိတ်ဆိုးနေတာလား..ကျွန်တော်ပြောလည်း ဘွားက ခွင့်ပြုမှာမှ မဟုတ်တာ.."
"ခွင့်မပြုမှာသိရက်သားနဲ့ ဘာလို့သွားရတာလဲ.."
"ကျွန်တော်လည်း အဘွားမြေးလေ..ဆုံးဖြတ်ပြီးရင် သွားမှရတော့မှာ..."
"ထားပါတော့ ဒါက ဘယ်လိုပုံလဲ ယဉ်ကျေးတဲ့ပုံတစိတ်ကလေးတောင် မရှိပါလား.."
"ဟားးဟား ရုပ်ကြည့်ပြီးတော့မပြောနဲ့လေ အဘွားရာ ဒါက ကောင်မလေးတွေ အရမ်းခိုက်တဲ့စတိုင်"
"အောင်မလေးတော် ဒီရုပ်ကလား.."
"အဘွားက မယုံတာလား..ဟောတစ်ယောက်၊ဟောတစ်ယောက် တွဲပြရမလား.."
"မလုပ်ပါနဲ့ မြေးရယ် ဘယ်ကမှန်းမသိတဲ့လူတွေနဲ့တော့ အဘွား ရင်ကျိုးအောင်.."
"အဟွန်း.."
ချိန်းပြုံးပြီး ဒေါ်သုခ ဘေးတွင် ဝင်ထိုင်လိုက်သည်။