"ရင်ခတ်ပန်း "
==========
အပိုင်း-၁၁"ခခ..ချစ်တယ်နော်.."
"အင်း..ငါရောပဲ"
ခခ..မျက်နှာနား ကပ်လာတဲ့ ချိန်းကို ပုတ်ထုတ်လိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။
ခခ အိမ်ထဲ လှမ်းဝင်လိုက်သည်နဲ့ တံခါးဝတွင် ဘွားခနဲ့ ပေါ်လာတဲ့ဦးငယ်ကြောင့် လန့်ဖြန့်သွားရသည်။
"ဟင်..ဦးငယ်."
ဦးငယ်က ကားပေါ်က ဆင်းလာတဲ့..ခခကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး...
"နောက်ကျတယ်နော်..ခခလေး.."
"ရှင်"
ခခ ဘာပြောရမှန်းမသိတော့ဘဲ ချိန်းကိုလှည့်ကြည့်လိုက်သည်။ချိန်းက ကားကို ဂိုဒေါင်ထဲ မောင်းဝင်သွားတာကြည့်ပြီး...
"နောက်ကျလို့လား ဦးငယ်ရယ်ပုံမှန်ချိန်ပါပဲ...ဦးငယ်သာ စောရောက်နေတာ"
တကယ်လည်း..ဦးငယ် စောရောက်နေသဖြင့်..
"ကိုယ်ပြန်ရောက်တော့..ခခကိုမတွေ့လို့လေ ရင်ကို ပူသွားတာပဲ.."
"ဦးငယ်ကလည်း..."
"လာ.လာ..မင်းအတွတ် အထည်တွေ ယူလာတယ်.."
ဦးငယ်က ခခလက်ကို ပိုင်စိုးပိုင်နင်း ဆွဲကိုင်ပြီး ဧည့်ခန်းဆီ ဆွဲခေါ်သွားသည်။
ချိန်းက..ကားသော့ကို လက်ညိုးလေးနဲ့ ခပ်ဆက်ဆက် မွေ့ယမ်းလိုက်ပြီး..မချင့်မရဲလေးပြုံးလိုက်သည်။
ခခက ဝင်လာတဲ့ ချိန်းကို စိတ်မကောင်းစွာ မော့ကြည့်၏။ ချိန်း ပြုံးပြီး ဘာမှမဖြစ်ဘူး ဆိုတဲ့ သဘောဖြင့် ခေါင်းခါပြလိုက်သည်။
"ဦးငယ်..ဘာတွေ ဝယ်လာတာလဲ.."
"ဒီမှာလေ ခခလေးနဲ့လိုက်မယ့်အထည်တွေ ရက်ကန်းရုံကနေ..ယူလာတာ..."
"အော်..ဖွားအတွက်ရော..."
"ဟမ်.."
"မပြောနဲ့..မြေးရယ်..သားငယ်က ခခမှခခပဲ..."
အသံနဲ့အတူ ဒေါ်သုခက ဧည့်ခန်းထဲ ဝင်လာသည်။
"မေမေမှာ အများကြီးရှိလို့ပါ ကျွန်တော်က.."
"အေးပါ ဘာမှ..မပြောပါဘူး..ဒီအတိုင်းဆို..မြန်မြန်လက်ထပ်ပေးမှပဲ..."