" ရင်ခတ်ပန်း "
==========
အပိုင်း-၁၂အလုပ်ပြီးသွားသဖြင့်..ခခ ကျေနပ်စွာပြုံးလိုက်သည်။ခုဆိုရင်..ခခ အလုပ်ဝင်နေသည်မှာ..တစ်လခန့်..ရှိပြီဖြစ်သည်။
"အန်တီဇင်..ခခအလုပ်ဆင်းပြီနော်..."
"အေးအေး.."
ဒေါ်ဇင်ဇင်က ကွန်ပြူတာရှေ့ကနေ ခေါင်းညိတ်ပြလိုက်သည်။
ခခ ဘေးလွယ်အိတ်လေးကို လွယ်ပြီး ထွက်လာခဲ့သည်။အပြင်ဖက် လှမ်းကြည့်လိုက်သည်တွင်..ခခ မျက်နှာလေးပြုံးသွားရကာ..
"အဟင်း..."
ကုမ္ပဏီရဲ့ တံခါးအပြင်ဖက်တွင်..ချိန်းက ခခကိုမြင်သည်နဲ့ လက်ယမ်းပြ၏။ခခ ချိန်းဆီကို လျောက်လာခဲ့ရင်း..
"ချိန်း..ဘာလာလုပ်တာလဲ.."
"မင်းကို လာကြိုတာလေ"
"ဟုတ်လား ဦးငယ် လာကြိုမယ် ထင်တယ်.."
"မဟုတ်ဘူး ဦးငယ် မအားလို့တဲ့ ကိုယ့်ကိုကြိုခိုင်းလိုက်တာ.."
"တကယ်.."
"တကယ်ပေါ့ လာ ဘာစားမလဲ..ရေခဲမုန့်စားမလား.."
"အင်း.."
ချိန်းက..ခခ ခေါင်းညိတ်လိုက်သည်နဲ့ ခခ လက်လေးကို ဆွဲကိုင်ပြီး..ရေခဲမုန့် ဆိုင်ရှေ့ကို လျောက်လာခဲ့ကြသည်။
"စတော်ဘယ်ရီ ရေခဲမုန့် နှစ်ခု..ပေးပါ.."
"ဟုတိကဲ့ ရပါပြီ"
ချိန်း..ရေခဲမုန့် တစ်ခုကို ခခကိုလှမ်းပေးလိုက်ပြီး အတူလျောက်လာခဲ့ကြသည်။
"ခဏ.."
"ဘာလဲ.."
ချိန်းက..ခခရှေ့တွင် ရပ်လိုက်ပြီး...ခခရဲ့ဆံမြိတ်မရှိတဲ့ ရှေ့ဆံပင်လေးတွေကို နားနောက်ကို သေသေသပ်သပ် တွန်းထည့်ပေးလိုက်သည်။ထို့နောက် ပါးလေး နှစ်ဖက်ကို ဆွဲဖျစ်လိုက်ပြီး...
"ချစ် ဖို့ကောင်းတယ်"
"ခိခိ..."
ခခ ကျေနပ်စွာ..လမ်းလျောက်ရင်း..ချိန်းလက်မောင်းလေးကို မှီနွဲ့ထားလိုက်သည်။
"ချိန်းရယ် ငါ အရမ်းပျော်တာပဲ.."
ချိန်း မော့ကြည့်နေတဲ့ ခခခေါင်းလေးကို ချစ်စနိုး ဖိပွတ်လိုက်ပြီး..