" ရင်ခတ်ပန်း "
===========
အပိုင်း-၈ငါးနှစ်ခန့်ကြာပြီးနောက်....
အပြည်ပြည်ဆိုင်ရာ..လေဆိပ်..
လေယာဉ်ပေါ်က ဆင်းလာကြတဲ့လူတွေထဲတွင် ချိန်း တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။
ချိန်းက ဆယ်ကျော်သက်တုန်းကလို ပိန်ပိန်ပါးပါး မဟုတ်တော့ဘဲ မြင့်မားသော အရပ်နဲ့ ခန္ဓာကိုယ်က ကျစ်လစ်ခိုင်မာနေသည်။ ခပ်တွန့်တွန့်ဆံပင်တို့က ဂုတ်ကိုပင် မထိတထိလာထောက်နေ၏။
တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့နဲ့ လေးထောင့်ဆန်ချင်သော မျက်နှာသည် မေးဖျားလေးတွင် သွယ်ဆင်းသွားသဖြင့် တမျိုးကြည့်ကောင်းလှသည်။
မှုန်ကုပ်နေသော မျက်ခုံးထူထူတို့သည် တစ်ခုနဲ့တစ်ခု ဆက်လုနီးပါး၊ခပ်စိမ်းစိမ်းလေး မြင်နေရသော ပါးသိုင်းမွေးနေရာနဲ့မေးဖျားတို့ကြောင့် နှစ်ဆယ်ကျော် လူရွယ်တစ်ယောက်ဆိုတာ ဘယ်သူယုံအံ့နည်း။
သို့ပေမယ့် ငယ်စဉ်အခါက ချစ်တတ်လွန်းခဲ့သော ချိန်းတစ်ယောက်သည်......
ချိန်းက ဧည့်ကြိုနေရာတွင် ရပ်နေသော ဒေါ်ရတနာရှေ့ ရပ်လိုက်ပြီး...
"မေမေ.."
ဒေါ်ရတနာ ချိန်းကို စုန်ချီဆန်ချီကြည့်ပြီး...
"ဟင်..ချိန်း..မင်း တကယ်.သားလား.."
ချိန်း ဒေါ်ရတနာကို ပုခုံလေးကနေဖက်လိုက်ပြီး..
"မေမေကတော့ စံပဲဗျာ..ကိုယ့်သားတောင် မမှတ်မိဘူးလား.."
"မှတ်မိစရာလား ရုပ်ကိုကြည့်အုံး ငါမွေးထားတာ နုနုငယ်ငယ်ပါတော်..."
"ဟားဟားဟား.."
" နှုတ်ခမ်းမွှေးတွေ ရိတ်စမ်းပါ သားရယ်.."
"အဟွန်း.."
ချိန်း ခပ်တွန့်တွန့် ရယ်လိုက်ပြီး ကားပေါ် တက်ထိုင်လိုက်သည်။ဒေါ်ရတနာက အပြောင်းအလဲကြီး ပြောင်းလဲသွားတော့ချိန်းကို တအံ့တသြ ငေးကြည့်လျက်...
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ချိန်းက အိမ်ကြီးကို ဝေ့ကြည့်လိုက်ပြီး....