Part 1

860 90 18
                                    

သား မေမေဆီ လာနေပါ့လား”

ဖေဖေရဲ့ နောက်ဆုံးခရီး အတွက် အကုန်ပြီးစီးတော့ မေမေက သူ့ကို မေးခြင်းပင်။ မေမေနဲ့ ကျန်းဟောက် လိုက်နေချင်ပါတယ်။ မေမေနဲ့ ဖေဖေ ကွာရှင်းကြတော့ သူ ဆယ်နှစ်သားပင်ရှိသေးတယ်။ မေမေက သူ့ကို ခေါ်နိုင်ဖို့ အများကြီးကြိုးစားခဲ့ပေမယ့် ဖေဖေက တရားဥပဒေအကူအညီနဲ့ ကျန်းဟောက်ကို တရုတ်ပြည်မှာ ကျန်စေခဲ့တာ။ ဆယ်နှစ်သားကတည်းက မေမေ့မေတ္တာငတ်ခဲ့တာမို့ မေမေနဲ့ အတူနေချင်တာအမှန်။ ဒါပေမယ့် ဘာသာစကားတောင် သူမသိတဲ့ တိုင်းပြည်ဆိုတော့ ကျန်းဟောက်အတွေးများရတယ်။ ဒီမှာက ဘိုးဘိုး၊ဘွားဘွားတွေ ရှိသေးတယ်။ ဟိုမှာက တစ်နှစ်မှ တစ်ခါသာ သူ့ကို ချစ်လို့လာတွေ့နေတဲ့ မေမေသာရှိတယ်။ ဘယ်လောက်ပဲ သားမိဆိုဆို အတူတူမနေရတဲ့အချိန်အများကြီးက နည်းနည်းစိမ်းသက်တဲ့ အငွေ့အသက်ရှိနေမှာကလည်းမလွဲ။ မေမေနောက်အိမ်ထောင် အန်ကယ်က သဘောကောင်းပေမယ့် ကျန်းဟောက်အတွက်တော့ အများကြီးစိမ်းရသည်သာ။

“လိုက်ခဲ့မလားဟင် သား။ ဟိုမှာ သားအန်ကယ်က သားနေဖို့အခန်းလည်းပြင်ပြီးသွားပြီ။ သားကျောင်းတက်ဖို့ကိစ္စတွေလည်း အကုန်စီစဉ်ထားပြီးပြီ။ မေမေနဲ့ လိုက်ခဲ့ပါ့လားဟင်”

မေမေက ကျန်းဟောက်လက်ကလေးကို ကိုင်ပြီး တောင်းဆိုနေတဲ့ ပုံက ကျန်းဟောက်ဘယ်လိုမှ မငြင်းသာ။ မေမေသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိတာပေါ့။ နောက်အိမ်ထောင်ပြုလိုက်ပေမယ့်မေမေက ကလေးလုံးဝထပ်မယူဘဲ ကျန်းဟောက်ကိုဘဲ အဝေးကချစ်နေခဲ့တာ။ အန်ကယ်ကလည်း ကျန်းဟောက်ကိုဆို တကယ့်သားအရင်းလို ဆက်ဆံပေးခဲ့တာ။ ပြီးတော့ ဖေဖေလည်းမရှိတော့တာမို့ ကျန်းဟောက်မေမေအနားမှာ နေချင်မိတာလည်း အမှန်ပင်။ မေမေနောက်လိုက်သွားမိလို့ အခက်အခဲတွေရှိရင်တောင် သူ ရင်ဆိုင်နိုင်မယ်ဆိုတာ ယုံကြည်တာမို့

“သားလိုက်ခဲ့ပါ့မယ်မေမေ”

ကျန်းဟောက်အဖြေရတာနဲ့ မေမေက အပျော်လွန်ကာ ထဖက်တော့ ကျန်းဟောက်နည်းနည်းတော့ တွန့်မိသွားတယ်။ မေမေကို စိမ်းနေမိသေးတာတော့ အမှန်ပင်။

The war of loveWhere stories live. Discover now