ကျန်းဟောက် ဟန်းဖုန်းကို ထုတ်ပြီး ဆောင်းဟန်ဘင်းကို ဖုန်းဆက်လိုက်တယ်။ မျက်နှာပူပေမယ့် မက်သရူးနဲ့နီးဖို့ဆို မလုပ်နိုင်တာ ဘာမှ မရှိတာမို့“ အားနာပေမယ့် ဆောင်းဟန်ဘင်း အင်္ဂလန်မသွားခင် တစ်ခု အကူအညီတောင်းလို့ရမလား”
ကျန်းဟောက် အသေးစိတ်ကို ပြောပြလိုက်တော့
“မက်သရူးပျော်ရမယ်အရေးဆို ကျွန်တော် မကူညီနိုင်စရာ ဘာမှ မရှိပါဘူး”
တဲ့ ။ အချစ်ပြိုင်ဘက်ပေမယ့် ဟန်ဘင်း မက်သရူးအပေါ် ချစ်နိုင်မှု့ကိုေဝာ့ာ လေးစားရပြန်တယ်။ ဆော့မက်သရူး မင်းက တကယ်ကို အချစ်ခံရဖို့ မွေးလာတာပဲ။ ဒါပေမယ့် အားလုံးထက် အချစ်နိုင်ဆုံးကတော့ ဟျောင်းပဲလုပ်မှာ။
-----******----
မာမားကိုယ်တိုင် ဖုန်းဆက်ပြီး မက်သရူးကို
“မက်သရူး ပြန်လာခဲ့ပေးပါ့လား။ သား ဟျောင်း အသည်းအသန်ဖြစ်လို့။ မာမားတောင်းပန်ပါတယ် ပြန်လာခဲ့ပါ သားရယ်နော်။ သားပြန်လာတာက သားဟျောင်းရဲ့ နောက်ဆုံးဆန္ဒဖြစ်နိုင်တာမို့ပါ”
“မာမား ဖြေးဖြေးပြောပါ ဟျောင်းနှလုံးက”
“အင်း သား။ သားကိုပဲ တနေတာမို့ မာမားတို့ဆီ ပြန်လာခဲ့ပါ သားရယ်နော်။ မာမားကို မုန်းရင်တောင် သားဟျောင်းကို သားမမုန်းသေးဘူးမလား ။ပြန်လာပါနော်”
“မာမားကို သား ဘာလို့မုန်းရမှာလဲ။ ချက်ချင်းစီစဉ်ပြီး ပြန်လာမှာမို့ မာမားက ဟျောင်းကိုပဲ ဂရုစိုက်နော် မာမား”
မက်သရူး ရင်ပူလှတယ်။ သူချန်ထားတဲ့ စာရဲ့နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ဟျောင်းဖြစ်တာဆို သူ့တစ်ဘဝလုံး သူ့ကိုယ်သူ ကျိန်ဆဲရင်း အသက်ရှင်နေမိတော့မှာ။ အရာအာလုံးထက် ဟျောင်း ဘာမှမဖြစ်ပါစေနဲ့။
လေဆိပ်ကို ဟန်ဘင်းဟျောင်းက လာကြိုတော့ နည်းနည်း မျက်နှာပူသလိုပင်။ ဟန်ဘင်းဟျောင်း နားလည်ပေးလို့ကျေးဇူးတင်ပါတယ်ပြေတော့ ထပ်ကျေးဇူးတင်စရာကျန်သေးလို့ ချန်ထားပါဦးတဲ့။ ဆေးရုံရောက်တော့ ဟျောင်းက အောက်စီဂျင်ပိုက်တန်းလန်းနဲ့။ သတိမေ့သွားကတည်းက ခုထိ သတိမရသေးတာမို့ မာမားကလည်း ငိုနေကာ။ ဟျောင်းရဲ့ ဆေးရုံပေါ်က ပုံရိပ်က မက်သရူး အကြောက်ဆုံးပုံစံပင်။ မာမားကိုရော အန်ကယ်ကိုရော အိမ်ပြန်နားခိုင်းပြီး မက်သရူးကစောင့်ကျန်ရစ်တယ်။ ဟျောင်းလက်ကလေးကို ကိုင်ပြီး လက်ဖမိုးလေးကို နမ်းလိုက်တော့ ပြန်ကိုင်ထားသလို တင်းလာတဲ့ ဟျောင်းလက်ကြောင့် မက်သရူး အံ့သြကာ ကြည့်နေတုန်း ဗြုန်းဆို ဟျောင်းက ထလာပြီး မက်သရူးကို ဖက်လိုက်တာမို့
YOU ARE READING
The war of love
Fanfictionဆွဲစိနေရှင်းပါနော်။ haothew လေးဆိုပေမယ့် မ spoil တော့ပါဘူး။ လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။