ကျန်းဟောက် သတိရလာတော့ မရင်နှီးတဲ့ မျက်နှာကျက်။ ရှိုက်သံသဲ့သဲ့။ အသံတိုးတိုး အားယူပြီး နားစိုက်ထောင်လိုက်တော့ မက်သရူးအသံ
“ဟျောင်းကို နေမကောင်းမဖြစ်စေချင်ဘူး။ ဟျောင်း အဲ့လောက်ထိ ခံစားရမယ်ဆိုတာ သိရင် အရာအားလုံးကို ရင်ဆိုင်ရဲတယ်။ ဟျောင်းကို ချစ်တယ်ဆိုတာ ဝန်ခံခဲ့မှာ။ ဟျောင်းသိလား အဲ့လို ဝန်ခံပြီးမှ ပိုပင်ပန်းရမယ့် ဆက်ဆံရေးမို့ ကျွန်တော် ဝန်မခံခဲ့တာဟျောင်း။ ဟျောင်းဓာတ်ပုံကို မြင်ကတည်းက သဘောကျပြီတော့ ကြာလေ ဟျောင်းအပေါ်ထားတဲ့ ကျွန်တော့်ခံစားချက်တွေက သေချာလာတာမို့”
အသိစိတ်မရှိမှ ခိုးဝန်ခံရဲတဲ့ ကောင်လေးကိုလည်း ကျန်းဟောက် အသည်းယားလိုက်တာ။ သွက်တယ်ထင်ရသလောက် တုံ့ဆိုင်းနေတဲ့ ကောင်လေးကို ဘယ်လိုမှ အပြစ်မပေးချင်တာမို့ သူ့ကို ကိုင်ထားတဲ့ လက်တွေကိုပဲ တင်းနေအောင် ပြန်ဆုပ်ကိုင်လိုက်တော့
“ဟျောင်း ဟျောင်း သတိရလာပြီလား။ မာမားတို့ပြန်လာနေပြီနော်”
“မေမေထက် မက်သရူးအနားမှာ ရှိနေရင် ရပါပြီ”
“အင်း ဟျောင်းနားမှာ ကျွန်တော်ရှိတယ်နော်”
“မက်သရူးရား ဟျောင်းကို တစ်ခုခုပြောပါ့လား”
မက်သရူး ဟျောင်းလက်ကို ငုံ့နမ်းနေတုန်းမှာပဲ နောက်က တံခါးဖွင့်ကာ ဝင်လာတဲ့ မာမား။ စိုးရိမ်နေတဲ့ မျက်နှာကနေ သိသိသာသာတင်းသွားတဲ့ မာမားမျက်နှာရိပ်ကို မက်သရူးအသေချာဖမ်းမိလိုက်တော့ ရင်တွေပိုနာရတယ်။ ကျွန်တော်တို့ ကျော်ရမယ့်တံတိုင်းက ဟျောင်းထင်ထာတက် ပိုကြီးတယ် ဟျောင်း။
------******-------
မာမားပြန်ရောက်လာပြီးကတည်းက မက်သရူးကို သိပ်မတွေ့ရတော့။ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တော့လည်း မက်သရူးက ရှောင်နေတတ်ကာ။ မာမားကိုယ်တိုင်ကလည်း မက်သရူးကိုဆို နည်းနည်းအေးစက်နေသလို။ အန်ကယ်က အားတုံ့အားနာဟန်တွေ အရာရာကို ကျန်းဟောက်နားမလည်နိုင်။
ခုလည်း မက်သရူးက ညပြန်မအိပ်ဘူး ဖုန်းဆက်တော့ အန်ကယ်က အသာတကြည်လက်ခံကာ မေမေက

YOU ARE READING
The war of love
Fanfictionဆွဲစိနေရှင်းပါနော်။ haothew လေးဆိုပေမယ့် မ spoil တော့ပါဘူး။ လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။