Part 7

373 65 5
                                        

မက်သရူးထွက်သွားပြီးနောက်တော့ ကျန်းဟောက် ကျန်းမာရေးကို သေချာစစ်ဆေးတာတွေ လုပ်ခိုင်းလို့ မေမေစိတ်ကျေနပ်အောင် လုပ်ပေးရတယ်။ နှလုံးသားက နာကျင်ပြီးသားမို့ ထပ်နာကျင်စရာမရှိတော့တာ မေမေမှ မသိဘဲ။ ဆေးရုံတစ်ခါသွားတိုင်း တစ်ခုခုကို အရိပ်အခြေကြည့်နေတဲ့ ဆောင်းဟန်ဘင်း မျက်နှာကိုပဲ မုန်းရတာမို့ မသွားချင်ပေမယ့်။ ဆောင်းဟန်ဘင်းက မေမေ့အလစ်မှာ မျက်ရိပ်ပြပြီ သူ့လက်ထဲကို စာရွက်တစ်ရွက်ထည့်ပေးလိုက်တယ်။ ကြည့်လိုက်မိတော့ ဖုန်းနံပါတ်တစ်ခု။ ကျန်းဟောက် အိမ်ရောက်တာနဲ့ ဖုန်းဆက်ကြည့်တော့ ဆောင်းဟန်ဘင်း ဖုန်းနံပါတ်ပင်။ မက်သရူးက စာတစ်စောင်ပေးခဲ့တာမို့ လာယူပေးပါတဲ့။ ကျန်းဟောက်သွားယူတော့

“မက်သရူးက ဟျောင်း ကျန်းမာရေးအခြေအနေ စိတ်ချရမှ ပေးပါလို့မှာခဲ့ပေမယ့် ကျွန်တော်က ဘွဲ့လွန်အတွက် အင်္ဂလန်ကို သွားရမှာမို့ပါ”

လက်ရှိရည်းစားကနေ တစ်ဆင့်ပေးခိုင်းခဲ့တဲ့စာဆိုတော့ ကျန်းဟောက် မက်သရူးကို နားမလည်နိုင်လှပါ။ အိမ်ကိုပဲ ယူလာပြီး အခန်းထဲမှာ ဖတ်ကြည့်လိုက်တော့

“ဟျောင်း

နေကောင်းရဲ့လား။ ဒီစာကို ဟျောင်းဖတ်နေပြီဆိုရင် ကျွန်တော်တို့ ဘယ်တော့မှ ထပ်တွေ့ဖို့မဖြစ်နိုင်တဲ့ ကံကြမ္မာကို ဟျောင်းလက်ခံဖို့ အဆင်သင့့်ဖြစ်နေပြီလို့ ကျွန်တော်ယူဆတယ်။ ကျွန်တော် ဘယ်တော့မှ ကိုရီယားကို ထပ်လာတော့မှာ မဟုတ်ဘူးဟျောင်း။ မာမားကိုလည်းနားလည်တာမို့ ကျွန်တော်ကြောင့် ဘယ်သူ့ကိုမှ မပင်ပန်းစေချင်ဘူး ဟျောင်။ ဘယ်တော့မှ မျက်နှာမတွေ့ရတော့မှာမို့ နောက်ဆုံးအနေနဲ့ မျက်နှာပြောင်ပါရစေ ဟျောင်း။ ကျွန်တော် ဟျောင်းကို အများကြီးချစ်ခဲ့တယ်။ နောက်ဆုံးအချစ်မို့ တစ်ဘဝလုံးစာ လွမ်းရမယ်ဆိုရင်တောင် လွမ်းဖို့လုံလောက်တဲ့အထိ ချစ်ခဲ့တယ်ဟျောင်း။

ဟျောင်း ကျန်းမာပျော်ရွှင်ပါစေဆိုတာက ရှိသမျှကံကောင်းခြင်းတွေစုပုံထားတဲ့ ကျွန်တော့်ဆုတောင်းပါ ဟျောင်း။

ဆော့မက်သရူး
ထာဝရ ကနေဒါ"

စာဆုံးတော့ မာမားကိုလည်း နားလည်ပါတယ်ဆိုတာကို ကျန်းဟောက် အဖြေရှာမရ။ နောက်ဆုံးတော့

The war of loveWhere stories live. Discover now