တစ်အိမ်ထဲမှာ လူနှစ်ယောက်ရှိနေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတွေ့အောင် ရှောင်နေရကာ။ လိုတာထက်ပို တိတ်ဆိတ်လွန်းတာမို့ ဟျောင်းအဆင်ပြေရဲ့လားဆိုပြီးပဲ စိတ်ပူနေရတယ်။ အစာလည်း ထွက်မစားသလို ရေတောင် ထွက်မယူတာမို့ မက်သရူးက ပိုစိတ်ပူနေရကာ မနေနိုင်တဲ့ အဆုံး ဟျောင်း တံခါးကို သွားခေါက်လိုက်တော့ ပြန်ဖြေသံမကြားရ။
“ဟျောင်း ဟျောင်း တံခါးဖွင့်ပါဦး ဟျောင်းဘာလုပ်နေတာလဲ”
မက်သရူး တံခါးခေါက်သံအဆုံးမှာ ပွင့်လာတဲ့ တံခါးနဲ့အတူ ဟျောင်းက အချိန်ခဏလေးအတွင်းမှာ မို့အစ်နေအောင် ငိုထားတဲ့ မျက်လုံးတွေက နာကျင်ခြင်းအရိပ်အရောင်တွေနဲ့ ခက်ထန်နေကာ
“ငါ့အခန်းတံခါးကို မလိုအပ်ဘဲ လာမခေါက်နဲ့ ဆော့မက်သရူး။ တတ်နိုင်သမျှ ကင်းကင်းနေပေး။”
“ဟျောင်း ကျွန်တော်က”
“ပြီးတော့ မဆိုင်တဲ့ စိတ်ဝင်စားမှု့တွေ လာမလုပ်နဲ့”
ပြောချင်တာပြောပြီး တံခါးကိုဆောင့်ပိတ်သွားတော့ မက်သရူး နှလုံးသားပဲ နာကျင်ရကာ။ ဖြစ်သင့်တာက ဒါဆိုရင်တောင် လိုချင်တာက ဒီအခြေနေမဟုတ်ဘူးဆိုတာ ဟျောင်းနားလည်အောင် ရှင်းပြခွင့်မှ ကျွန်တော့်မှာ မရှိဘဲ ဟျောင်းရယ်။
လျစ်လျူရှု့နေပါဆိုမှာ စိတ်က ဟျောင်းထွက်လာသံကိုပဲ နားစွင့်နေကာ မနက်ကတည်းက ဝင်သွားတဲ့ ဟျောင်းက ညနေထိ ထွက်မလာသလို ဘာတစ်ခုမှ ထွက်မစားတော့ မက်သရူးရင်က အတိုင်းအဆမဲ့ ထပ်ပူရကာ။ စိတ်ပူနေရတာထက်စာရင် စိမ်းစိမ်းကားကားဆက်ဆံခံရလည်း အဆင်ပြေတာမို့ ဟျောင်း အဆင်ပြေလားသိချင်ကာ ဟျောင်းတံခါးကို ဒုတိယံမိ ခေါက်မိပြန်တယ်။
“ဟျောင်း ဟျောင်း တံခါးဖွင့်ပေးဦး”
မက်သရူး ဘယ်လိုခေါ်ခေါ် တံခါးထဲက လေတိုးသံတောင် မကြားတာမို့ ဆန်းချွန်းပြခဲ့တဲ့ သော့အပိုကို သွားယူပြီးဖွင့်လိုက်တော့ ကုတင်ခြေရင်းမှာ ခွေခွေလေး မှီပြီး အိပ်နေတဲ့ ဟျောင်း။
“ဟျောင်း ဟျောင်း”
မက်သရူး ဟျောင်းအသားကို မထိခင်ကတည်းက အပူငွေ့ကို ခံစားမိကာ ဟျောင်းကို ထိလိုက်တော့ ပူချစ်ပြီး လူက သတိမရှိနေတာမို့

YOU ARE READING
The war of love
Fanfictionဆွဲစိနေရှင်းပါနော်။ haothew လေးဆိုပေမယ့် မ spoil တော့ပါဘူး။ လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။