ခုလည်း အန်ကယ်နဲ့မေမေ က နယ်ခရီးသွားရမှာမို့ လိုအပ်တာတွေ မက်သရူးက ပြင်ပေးနေကာ“သား သားဟျောင်းကို ဂရုစိုက်နော်”
“ခဏခဏမမှာပါနဲ့ မာမားရဲ့။ မာမားမပြောလည်း သားက ဟျောင်းကို ဂရုစိုက်ပါတယ်”
သူကပဲ လူကြီးအထာနဲ့ ပြောနေတာမို့ ကျန်းဟောက်ရယ်ချင်ကာ
“ဂရုစိုက်မှာပါ။ သူ့သူငယ်ချင်းတွေ ဖုန်းဆက်မခေါ်ခင်အထိ။ ဖုန်းဆက်ခေါ်တာနဲ့ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းလိုပြေးတော့တာ”
“အယ် ဟျောင်းကလည်း”
“မသွားဘူးလား”
“မာမားတို့မရှိရင်တော့ ဟျောင်းပါ ခေါ်သွားမှာပေါ့”
“မသွားဘူးတော့ မပြောဘူး”
“ဟျောင်းကလည်း အိမ်မှာဆို ပျင်းစရာကြီးဟာ”
ဆော့မက်သရူးက အဲ့လို ကောင်လေးပင်။ သူ့နားမှာ လာနေရင်တောင် ငြိမ်ငြိမ်ကတော့ မနေနိုင်ပေ။ သူ့နဲ့ မက်သရူးက အကျင့်စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ပေမယ့် မနှစ်မြို့တာဖြစ်ရမယ့်အစား ပိုပိုသဘောကျတာပဲ တိုးရတယ်။
မေမေတို့ ခရီးထွက်တဲ့ကားပေါ်ရောက်တာနဲ့ လက်ပြရင်း
“ဟျောင်း ဒီည ကလပ်သွားရအောင်” တဲ့ ။
“ဟျောင်း မလိုက်ဘူး။ ကိုယ့်ဘာသာကိုယ်သွား”
“အယ် ဟျောင်းကလည်း မာမားတို့ မရှိတုန်းသွားရတာကို”
“မလိုက်ပါဘူး။ ဟျောင်းက အဲ့လို လူရှုပ်တဲ့နေရာတွေ မကြိုက်ဘူး”
“ အာ့ဆို သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး သောက်ရအောင်”
မျက်တောင်လေး ပေကလက်ပေကလက်လုပ်ရင်းတောင်းဆိုနေတာမို့ ကျန်းဟောက် မငြင်းနိုင်ဘဲ ခေါင်းညိတ်လိုက်တော့ ပျော်ပြီး လာဖက်တယ်။ မရိုးမရွဖြစ်လာတဲ့ စိတ်ကြောင့် မက်သရူးကို တွန်းကာ
“ လုပ်ချင်တာများ လုပ်ရရင်တော့”
ဆိုပြီး ပြန်လာခဲ့လိုက်တယ်။ သူ့ဘေးမှာ မက်သရူးက ခုန်ဆွခုန်ဆွလုပ်ပြီး ပါလာတော့ စိတ်ထဲမှာ

YOU ARE READING
The war of love
Fanfictionဆွဲစိနေရှင်းပါနော်။ haothew လေးဆိုပေမယ့် မ spoil တော့ပါဘူး။ လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။