ဒီနေ့လည်း မေမေနဲ့ အန်ကယ်က ချက်ပြုတ်နေကြတယ်။ နားရက်ရှည်ရတာမို့ မိသားစု ခရီးထွက်ကြမယ်ဆိုပြီး ပြင်ဆင်နေကြခြင်းပင်။ မက်သရူးက တက်ကြွပြီး ပျော်နေသလောက် ကျန်းဟောက်ကတော့ ခရီးလည်းမသွားချင်။ အတူစုနေရမှာကိုလည်း ရှောင်ချင်တယ်။ လောလောဆယ်တော့ မေမေတို့ ရီမောနေကြတာကို ရှောင်ချင်တာမို့ ပန်းခြံထဲမှ ထိုင် အချိန်ဖြုန်းနေလိုက်တယ်။ မှောင်နေတာမို့ ခြင်တွေရော ဖြုတ်တွေရော ကိုက်နေပေမယ့် နားအေးတာမို့ ထိုင်နေတုန်း
“ဟျောင်း ဘာလုပ်နေတာလဲ”
ပေါ်လာပါပြီ အနှောင့်အယှက်က။ မက်သရူးက မေးရင်း သူ့ဘေးမှာ ထိုင်လိုက်တယ်။
“ပျင်းတာနဲ့”
“မာမားက လိုတာတွေ ထွက်ဝယ်ခိုင်းလို့ လာဝယ်တာလေ”
မက်သရူက သူ့လက်ထဲ အထုတ်ကို ပြရင်းပြောတော့ ကျန်းဟောက်စိတ်ထဲမှာတော့ “မေးမိလို့လား” ဆိုပြီး တွေးနေမိတယ်။
“ဟျောင်း ခြင်မကိုက်ဘူးလား”
“အင်း ရတယ်”
“ဘာရတာလဲ ဟျောင်း။ ခြင်တွေ ကိုက်တာကို လာပြန်ကြစို့လေ”
မက်သရူး ဆွဲခေါ်ရာနောက်ကို ပါလာလိုက်ရတယ်။ ပြန်ရောက်တော့ အခန်းထဲပဲ တန်းသွားဖြစ်တယ်။
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံကြောင့် ကျန်းဟောက် တံခါးဖွင့်ပေးလိုက်တော့ ဆေးသေတ္တာကိုင်ထားတဲ့ ဆော့မက်သရူး။
“ဟျောင်း ခြင်ကိုက်ထားတာ ဆေးလိမ်းရအောင်”
“အာ ရပါတယ်”
မက်သရူးက သူ့လက်ကိုဆွဲပြီး ကုတင်ပေါ်ထိုင်ခိုင်းတာမို့ မတတ်နိုင်ဘဲ ထိုင်လိုက်ရကာ မက်သရူးက အောင်မှာထိုင်ပြီး ဆေးလိမ်းပေးဖို့ပြင်နေတာမို့
“ဟျောင်း ဘာသာပဲ လိမ်းပါ့မယ်”
“ပေးပါ ဟျောင်းရဲ့”
ဟျောင်းက သူ့ဘောင်းဘီကို မတင်လိုက်တော့ ဖြူနေတဲ့ အသားမှာ ရဲနေတဲ့ ခြင်ကိုက်ဖုလေးတွေ ။ အိမ်မှာ နေရခက်လို့ရှောင်နေတာကို မက်သရူး ရိပ်မိကာ ဟျောင်းကို သနားမိသွားတယ်။ ဟျောင်းအပေါ်မှာ ပိုကောင်းပေးချင်စိတ်က တဖွားဖွား။

YOU ARE READING
The war of love
Fanfictionဆွဲစိနေရှင်းပါနော်။ haothew လေးဆိုပေမယ့် မ spoil တော့ပါဘူး။ လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။