ကျန်းဟောက်ဘယ်လောက်ပဲ မတွေ့ချင်ပါစေ ဆော့မက်သရူးကတော့ ကျန်းဟောက်အဖော်ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုရီးယားကို ရောက်လာတယ်။ လူငယ်ချင်းရင်းနှီးအောင်ဆိုပြီး မေမေက ကျန်းဟောက်တစ်ယောက်တည်း သွားကြိုခိုင်းတယ်။ သူ့ကြောင့်မေမေစိတ်မဆင်းရဲစေချင်တာကြောင့် ကျန်းဟောက် ဆော့မက်သရူးကို ကြိုဖို့ဖြစ်လာတယ်။
မက်သရူး လေယာဉ်ပေါ်က ဆင်းပြီး လေဆိပ်ထဲရောက်တာနဲ့ ကျန်းဟောက်ဟျောင်းကို ရှာကြည့်မိတယ်။ ဆန်းချွန်းက သူလာမကြိုဖြစ်တဲ့ အကြောင်းနဲ့ မာမားသားကိုလွှတ်လိုက်ကြောင်း မာမားသားက အရမ်းအေးကြောင်း ကြို သတင်းပို့ထားတယ်။ လေဆိပ်မှာ “Seok Matthew” ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တော့ မက်သရူးရယ်ချင်သွားတယ်။ ဘယ်ခေတ်ကနေ လာကြိုတာပါလိမ့်။ အနားရောက်သွားတော့ ဒီဘက်ခေတ်လူသားကိုမှ ချောလိုက်တာ။
“ဟျောင်း”
ကျန်းဟောက်ရှိရာကို လက်ဝှေ့ပြီးပြေးလာတဲ့ ကောင်းလေးက တရုတ်လူမျိုး သူ့ထက်ပင် ဖြူဥနေကာ လူကလည်း လူချောပင်။ သူပြုံးနေတာကိုမြင်တော့ ကျန်းဟောက်တောင် ကိုယ့်ဘာသာကိုယ် မသိခင် ပြုံးမိသွားတယ်။
“ Hi”
ပြေးဖက်မလို့ ပြင်ပြီးမှ မက်သရူး ကိုယ်ရှိန်သတ်က လက်ဆွဲ နှုတ်ဆင်းရင်း စကားစမလို့ လုပ်တုန်း“ I am Zhan Hao. Nice to meet you “
တဲ့လေ။ မက်သရူး ရယ်ချင်ကာ
“ Nice to meet you, bro”
“ Any way , Can you speak Korean”
“နည်းနည်းပေါ့”
“အာ ဟုတ်ကဲ့”
တကယ်တော့ ကျန်းဟောက်ဟျောင်း သတိမထားမိလို့သာ။ မက်သရူး အသံထွက်က ကျန်းဟောက်ဟျောင်း အသံထွက်ထက် ပိုကောင်းသည်ပင်။ လေးဆိပ်ကထွက်လာတော့ ဟျောင်းမောင်းတဲ့ ကားထိုင်စီးရတာထက် စက်ရုပ်မောင်းတဲ့ ကားစီးရတာကမှ အသံကြားရဦးမယ်။ ဟျောင်းဆီကတော့ ဘာသံမှ မထွက်။ ဆန်းချွန်းပြောတဲ့ နည်းနည်းအေးတယ်ဆိုတဲ့ Level မဟုတ်ဘဲ အေးခဲတဲ့ Level ဖြစ်နေပြီဆိုတာ မက်သရူး စိတ်ထဲကပဲ မှတ်ချက်ချလိုက်တယ်။ လူငယ်ချင်းဆိုပြီး ရင်နှီးမယ် ကဲကြမယ်ဆိုတဲ့ မက်သရူးအတွေးကိုလည်း လေဆိပ်မှာပဲ ထားခဲ့ လိုက်ရတယ်။
------******-------
အိမ်ရောက်တာနဲ့ မေမေကို
“မာမား” ဆိုပြီး ပြေးဖက်တော့ မေမေကလည်း
“ဒါ ဝူဟျွန်းလေးလား မက်သရူးလေးလား”
“အိမ်မှာဆို ဆော့မက်သရူးလုပ်မှာဖြစ်ပြီးတော့ အပြင်မှာဆိုရင်တော့ ဆော့ဝူဟျွန်းအိုးပါးပါ”
ဆိုပြီး ရယ်နေကြတုန်း အန်ကယ်ကပါ ရောက်လာပြီး
“ကနေဒါအိုပါးကြီး ရောက်လာပြီပေါ့”
ဆိုပြီး ဖက်ကြကာ အိမ်မှာ ရယ်သံတွေ လွှမ်းသွားတယ်။ ကျန်းဟောက်ပဲရှိတဲ့ အိမ်ရဲ့ လေထုနဲ့ကတော့ မတူတာ အမှန်ပင်။
မေမေက ရင်းနှီးစေချင်လေ ကျန်းဟောက်က ပိုစည်းတားဆက်ဆံမိလေပင်။ မေမေက နောက်အိမ်ထောင်နဲ့ ကလေးတောင်မယူဘဲ ကျန်းဟောက်ကို ချစ်တာအထိပဲ လက်ခံချင်ပြီးတော သူ့ထက် နည်းနည်းငယ်တဲ့ ရွယ်တူကောင်လေးကို ချစ်ပေးနေတာကိုတော့ ကျန်းဟောက် မကြိုက်ပါ။ ပြီးတော့ မက်သရူးနဲ့သူက Type ချင်းလည်းမတူပေ။ မက်သရူးက အပြင်မှာ အချိန်ဖြုန်းလေ့ရှိပြီတော့ မက်သရူး အိမ်မှာ ရှိနေရင်ေတာင် တိတ်ဆိတ်ခြင်းက အဝေးကိုပြေးရတယ်။ ကျန်းဟောက်က အိမ်မှာ ရှိနေရင် လူကောင်မြင်မှသာ ရှိနေမှန်းသိရသူ။ မက်သရူးက အားတာနဲ့ မေမေဘေးနားမှာ တစ်ခုမဟုတ်တစ်ခု ကူနေတတ်တယ်။ ကျန်းဟောက်ကတော့ မေမေကို မကူချင်တာ မဟုတ်ပေမယ့် ဘာသိဘာသာပဲနေခြင်တာမို့ မေမေ ထမင်းဟင်းချက်နေချိန်ဆို အကြောင်းတစ်ခုခုပြကာ ရှောင်ထွက်နေလိုက်တယ်။
(လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်)
YOU ARE READING
The war of love
Fanfictionဆွဲစိနေရှင်းပါနော်။ haothew လေးဆိုပေမယ့် မ spoil တော့ပါဘူး။ လာဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။