part (04)

6.3K 199 0
                                    

မောင် ဟု ခေါ်ဆို အပ်သော
အပိုင်း(၄)
ရုတ်တရက်ဆိုသလို ကျတော် ဦးမင်းဆက်သွင်ရဲ့ အင်္ကျီကြယ်သီးတွေကို ဆွဲဖြုတ်လိုက်သည်။
နမ်းနေကြရာကနေ ကြယ်သီးတွေကို ကျတော်က ဖြုတ်ချလိုက်တော့ ဦးမင်းဆက်သွင်က ကျတော့်ကို တွန်းထုတ်လိုက်သည်။

အံ့အားသင့်နေတဲ့ ကျတော့်ကို ကြည့်ကာ သူလည်း သူ့နှုတ်ခမ်းတွေကို သူပြန်ကိုင်ကြည့်ကာ ကျတော့်ကိုလည်း တအံ့တဩ ပြန်ကြည့်သည်။

ပြီးတော့မှ

"ဆောရီးနော် ဂျိတ် ၊ဦးတောင်းပန်ပါတယ်။ဦး မရည်ရွယ်ပါဘူး"

ကျတော် မခံစားနိုင်တာ အဲ့ဒီစကားလုံးတွေပဲ ဦးမင်းဆက်သွင်။ဘာတဲ့ တောင်းပန်ပါတယ် ။မရည်ရွယ်ခဲ့ပါဘူးတဲ့ ဟုတ်လား?

ဒါဖြင့် ကျတော်တို့ရဲ့ ပထမဦးဆုံး အနမ်းက အမှား တခုလား?

"ဘာရယ် ဦး၊ ဆောရီး ဟုတ်လား?"

"တောင်းပန်ပါတယ် ဂျိတ်၊
ဦးလေ အဲဒီလို ဖြစ်ဖို့ မရည်ရွယ် ခဲ့ပါဘူး။
တကယ်ကို မရည်ရွယ်ခဲ့တာပါ"

ကျတော် ဝုန်းကနဲ ဦးမင်းဆက်သွင်ရဲ့ ရှေ့ကို တိုးသွားမိသည်။

"ကျတော်ကတော့ ရည်ရွယ်ခဲ့တယ်ဗျ။
ဒါက ကျတော့်ရဲ့ ပထမဦးဆုံး အနမ်းပဲ ဦးသိရဲ့လား?"

အခုမှ မယုံနိုင်သည့် မျက်လုံးတွေနှင့် ဦးမင်းဆက်သွင်က ကျတော့်ကို ကြည့်နေလေသည်။

"မင်း မင်း"

"ကျတော်က မှားပြီးနမ်းခဲ့တာ မဟုတ်ဘူး။ကျတော်က ဦးကို နမ်းချင်လို့ကို နမ်းခဲ့တာ သိပြီလား?"

"ဂျိတ် မင်း ....မင်း ပြန်တော့"

"ဘာဗျ၊ခင်ဗျားကြီးက လူယုတ်မာကြီး"

"ဘာရယ်ကွ"

"သူများ သားသမီးကို မချစ်ဘဲနဲ့ နမ်းခဲ့တဲ့ လူကြီး။တာဝန်ယူ စိတ် မရှိတဲ့ လူ"

"ဟမ် ဘာ ဘာ တာဝန်ယူစိတ် ဟုတ်လား?
ဂျိတ် မင်းဟာက မများလွန်းဘူးလား?"

"ဝုန်း"
အနားနား မှာ ရှိနေသည့် စားပွဲခုံကို လက်သီးနှင့် ထိုးချလိုက်မိသည်။

ကျတော်က ဘာကိုစိတ်အတိုဆုံးလည်း ဦးမင်းဆက်သွင် သိရဲ့လား? အနမ်းခံလိုက်ရလို့လည်း မဟုတ်သလို၊ကျတော့်ရဲ့ ပထမဆုံး အနမ်းကို ပေးလိုက်ရလို့လည်း မဟုတ်ဘူး။ကျတော်တို့နှစ်ယောက်ရဲ့ အနမ်းကို ဦးမင်းဆက်သွင်က မှားတယ် လို့ ပြောလိုက်တာ ကို စိတ်တိုတာ၊‌အဆုံးမရှိ ဒေါသထွက်မိတာ။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now