part (26)

3K 103 0
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂၆)

ကားစက်သံကို ကြား စ က ဂျိတ်ပြန်လာပြီဟု ထင်မိသည်။သေသေချာချာ နားထောင်ကြည့်တော့မှ အိမ်က ကားစက်သံ မဟုတ်မှန်း ခန့်မှန်းမိသည်။

ဘယ်သူများလဲ? လို့ ကြာကြာတွေးချိန်မရလိုက်၊ကား က ကျတော့်မြင်ကွင်းထဲသို့ ဝင်လာလေပြီ။

တဖြည်းဖြည်း နီးကပ်လာသော အခါမှ ကားမှန်ထဲကနေ တဆင့် ဖြူ့ကို မြင်လိုက်ရလေသည်။
ဪ ဖြူတောင် လိုက်ချလာပြီပဲ လို့ တွေးလိုက်မိသည်။

အမှန်ဆို အခုချိန်အတွင်း၌ ဖြူနှင့် ကျတော် မတွေ့ချင်သေးပေ။ဖြူ့ကို မတွေ့ရဲသေးပေ။

သို့သော် ဂျိတ်ပြောခဲ့သလို ကျတော်က တယောက်ယောက်ကို ချစ်မိတာရယ်၊တယောက်ယောက် ချစ်တာကို ကျတော်က လက်ခံမိတာရယ်ဟာ အပြစ်မဟုတ်ဘူး ဆိုတာကို ကျတော်လည်း လက်ခံသည်။

ဘာပဲဖြစ်ဖြစ် နောက်လည်း ဖြူနှင့်ကျတော်သည်  ဤသို့သော ယောက္ခမနှင့် သားမက်တော်စပ် ပတ်သက်မှု၌ ရင်ဆိုင်တွေ့ရဦးမည်မှာ သေချာသည်။

နောက်ကျမှ တွေ့ရမည်ထက်
စောစော တွေ့လိုက်ရတာသာ ကွာလိမ့်မည်။တွေ့တော့တွေ့ရမည်သာတည်း။

ကဲ
လာမည့်ဘေး ပြေးသာတွေ့လိုက်တော့ မင်းဆက်သွင်ရေ လို့ ကျတော်တွေးနေတုန်း ဖြူက ကားပေါ်မှ ဆင်းလာကာ ကျတော့်အနီးသို့ လျှောက်လာလေသည်။

"နေကောင်းရဲ့လား သွင်"?

ဖြူ့ပုံစံက ဖျော့တော့တော့
လျော့တိလျော့ရဲ
သားအပူ ပူနေသည့် လူတယောက်နှင့် ချွတ်စွပ်တူနေသည်။

"အင်း ဟိုတလောကတော့ ဆေးရုံတက်လိုက်ရတယ်။ခုတော့ နေကောင်းသွားပါပြီ"

ဟုတ်တယ်
အခုတော့ နေကောင်းသွားပါပြီ ဖြူရေ။
သွင်ချစ်ရတဲ့ လူသားလေးက သွင့်ဘက်က အဆက်ဖြတ်တာကိုတောင် လက်မခံပဲနဲ့ သွင့်ဘဝထဲထိ ရောက်အောင် ပြန်ဝင်လာခဲ့တယ်။

သွင်သတိမေ့နေတဲ့ အချိန်ရော၊
သွင်သတိရပြီး နာလန်ထ စ အချိန်မှာရော
သွင့်ကို အများကြီး ဂရုစိုက်ပေးခဲ့တယ်။
ကြင်နာပေးခဲ့တယ်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now