EXTRA

6.1K 144 6
                                    

မောင် ဟု ခေါ်ဆိုအပ်သော
EXTRA
ရေခဲသေတ္တာထဲက ကြက်ဥကတ်ကို ထုတ်ကာ သွင့်ကို သတိရနေမိသည်။
သူ့ခြံထဲက ကြက်ဥတွေလို လိုက်ကြက်ဥ အစစ်တွေတော့ မဟုတ်ပေမယ့် ကြက်ဥကို သွင့် အကြိုက် မကျက်တကျက်လေး ကြော်ရမည်။

ဒယ်ပြားလေးထဲကို ဆီထည့်နေတုန်း မေမေကပါ မီးဖိုထဲသို့ ဝင်လာလေသည်။
ရေခဲသေတ္တာထဲက သူမ၏ ဝိတ်ထိန်း ဖျော်ရည်ဗူးကို ထုတ်ရင်းက ကျတော့်ကို လှည့်ကြည့်သည်။

"ကြက်ဥတွေကြော်ပြီး ဘာလုပ်မလို့လဲ ဂျိတ်ရဲ့"

ကျတော် အမေ့ကို မဝံ့မရဲလေး မော့ကြည့်ကာ မျက်နှာချိုသွေးလိုက်ရသည်။ကျတော်နှင့် သွင် နိုင်ငံခြားမှာ သွားလက်ထပ်လာခဲ့ပြီးတာတောင် မေမေက အူတိုတတ်နေတုန်းပင်။

"ဒီနေ့ သွင်လာမှာလေ မေမေရဲ့"

"ဪ အမယ်လေး သူ့ယောက်ျား လာမယ့်နေ့ကိုတော့ အတိအကျ မှတ်ထားတာတော့ ဂျိတ်တို့က
ဪ ဒါကြောင့် မနက်က ရှမ်းပြောင်းဖူးတို့၊မုန်ညင်းထုပ်တို့ ဝယ်နေတာကိုး။
ငါ့ ထူးဆန်းပါတယ် မှတ်နေတာ။
မွေးထားတဲ့ အမေကိုကျ မေမေ ဘာလေးစားချင်လဲ လို့ မမေးဘူး"

ဟော ကြည့် မေမေကတော့လေ ခုထိကို သွင့်ကို သဝန်တိုတုန်း ၊သူဖြင့် ဘာမှ မစားပဲ ဝိတ်တွေ ချနေပြီးတော့၊အဲဒီလိုလေး ဖြစ်ဖြစ် ဂျီကျလိုက်ရမှ ကျေနပ်တတ်တာ ဖြစ်သည်။

"ကဲ ဟုတ်ပါပြီ မေမေရဲ့
မေမေ ခု ညနေ ဘာစားမလဲ ၊?
သား ဘာများ ချက်ပေးရမလဲ"?

"တော်ပါပြီ။
ပြောမှ သိတတ်တယ်။
တကယ့် လင်ထိပ်ထားစံပါအေ"

လို့ ပြောကာ ဆောင့်ကာ ဆောင့်ကာနှင့် မီးဖိုထဲကနေ ထွက်သွားလေသည်။

ကျတော့်မှာသာ စပ်ဖြဲဖြဲနှင့် ကျန်ရစ်ခဲ့ရလေသည်။
ကျတော်နှင့်မေမေ့ကြားကတော့ သားအမိဆိုတော့ မေမေ ဘယ်လိုပင် အူတိုကာ ဆောင့်အောင့်နေပါစေ ဘာမှ မဖြစ်ပေမယ့် သွင့်ရှေ့မှာ ဆူဆောင့် တွယ်ကပ်နေတာကျ သွင့်ကို ကျတော်က မျက်နှာပူရသည်။

သွင်ကတော့ မေမေ ထိုကဲ့သို့ ပွစိပွစိ ပြောတိုင်း ပြုံးပြုံးကြီးလုပ်ကာ ကျတော့်ကို ဖက်ထားပေးတတ်သည်။

You've reached the end of published parts.

⏰ Last updated: Jul 02, 2023 ⏰

Add this story to your Library to get notified about new parts!

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now