part (22)

3.2K 126 7
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂၂)
ကိုထူး၏ ဖွင့်ဟ ဝန်ခံ စကားများ

"အဲ့ဒီနေ့က စပြီးတော့ အကိုသွင်က အခါတိုင်းလို မနက်စာ မချက်တော့ဘူးဗျ။
ကျတော်လည်း အကိုသွင့်အတွက် မနက်စာကို ရော၊နေ့လယ်စာကိုရော၊ညနေစာကိုရော မြို့ထဲက သူစားနေကျ ထမင်းဆိုင်ကနေ ပါဆယ်မှာ မှာပေးထားဖြစ်တယ်။
ကျတော်ကတော့ ခြံထဲက အလုပ်သမားတွေနဲ့ပဲ အတူတူ ချက်ပြုတ်ပြီး စားလိုက်တာကိုး။
ကျတော် အိမ်ပြန်ရောက်ရင်
မှာပေးထားတဲ့ အစားအသောက်တွေက မရှိတော့ဘူး။
အဲ့ဒီတော့ အကိုသွင် အစားအသောက် မပျက်လို့ တော်ပါသေးရဲ့ လို့
တွေးမိတာဗျ။

ကျတော် ရေချိုးပြီးတိုင်းလည်း
အကိုသွင့် အခန်းရှေ့ ဖြတ်သွားရင်း
ညတိုင်း နှုတ်ဆက်ဖြစ်တာကိုး ဗျ။

အကိုသွင် ရေ အိပ်ပြီလားဗျ။
အိပ်တော့နော်။
ကျတော်လည်း ပင်ပန်းလာလို့ အိပ်တော့မယ်ဗျ။
လိုချင်တာ ရှိရင် ကျတော့်ကို ပြောလိုက်နော်။

ကျတော် မြို့ထဲက ဆိုင်တွေဆီကနေ
ဒလီနဲ့ မှာပေးမယ် လို့
ညတိုင်း ပြောဖြစ်တယ်ဗျ။
အကိုသွင်ကတော့
အေး ရပါတယ် ကွာ
အိပ်တော့
ငါလည်း အိပ်တော့မှာ၊
လို့ အမြဲတမ်း ပြန်ပြောတယ်ဗျာ။

ဒီတော့
အကိုသွင် က ကျတော်မှာပေးထားတဲ့ အစားအသောက်တွေကို သွန်ပစ်တာ ကျတော် မရိပ်မိခဲ့ဘူးပေါ့။

သူ အစား မဝင်တာကိုလည်း မရိပ်မိခဲ့ဘူးလေ။

ဒီညကျမှ ကျတော် အခါတိုင်းလို သူ့အခန်း အပြင်ဘက်က စကားသွားပြောတာကို သူ့ဆီက ဘာတုံ့ပြန်သံမှ မကြားရတာနှင့် တံခါးကို ဖျက်ပြီး သူ့အခန်းထဲကို ဝင်လိုက်မှ သူသတိလစ်နေတာကို တွေ့လိုက်ရတာ။

တော်သေးတယ်ဗျ
ဆရာဝန်ကပြောတယ်။
နောက်ထပ် နှစ်နာရီလောက်သာ နောက်ကျကြည့် အကိုသွင် အသက်ဆုံးရှုံးနိုင်တယ်တဲ့ ဗျာ။"

"အင်း အခုတော့
ဆေးရုံကဆင်းလာပြီး
အိမ်မှာပဲ ပုလင်းကြီး ချိတ်ထားရတယ်ဗျ"

"အခုထိလည်း အစားကောင်းကောင်း မစားသေးပါဘူးဗျာ။
ဗျာ
အဖျားမရှိပါဘူး။
အစားမဝင်လို့ အားနည်းပြီး သတိလစ်သွားတာပါ။"

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now