part (09)

4.5K 144 1
                                    

မောင်ဟု ခေါ်ဆိုအပ်သော
အပိုင်း(၉)
ကြည်ကြည်သာသာ နိုးထ လာတဲ့ မနက်ခင်းတွေက ပိုပြီး လှပတတ်တာလား မသိချေ။ကျတော် ့မျက်လုံးတွေကို ဖွင့်လိုက်တော့ တော်တော်စောနေသေးသည်။ကျတော့် အခန်းရဲ့ ပြတင်းပေါက် မှန်တွေက တဆင့် သစ်ပင်၏သစ်ကိုင်း၊သစ်ရွက်တွေကိုပါမြင်ရသည်။

ပြီးတော့
ငှက်ကလေးတွေ အော်သံတွေက ဟိုမှ၊ဒီမှ တျီတျီအာအာ ကြားရသည်။တချက် တချက်ဆို ရှဉ့်ကလေးရဲ့ အော်သံကိုပါ ကြားရသေးသည်။

ဘာရယ်မဟုတ် ပဲ အကြာကြီး ရပ်ကြည့်နေမိသည်။အဲ့ဒီလို ရပ်ကြည့်နေရတာကို အလိုလိုနေရင်း ပျော်ရွှင် ကြည်နူးသာယာနေမိပြန်သည်။

"သွင် နိုးနေပြီလားဟင်?
နေကောင်းသွားပြီလား"?

နောက်ကနေ သိုင်းဖက်လိုက်တဲ့ လက်အစုံကို ခံစားလိုက်ရသည်။ဂျိတ်ဘီမင်းမြတ်၏ အသံကိုပါ ကြားရသည်။
ဟုတ်သားပဲ
မ‌ေန့က ကျတော်ဖျားခဲ့တာပဲ။
ဆေးလည်းသောက်ခဲ့ရသလို၊နေမကောင်းရက်နဲ့ အိပ်ရာပါဝင်ခဲ့တာကို သတိရလိုက်မိသည်။

ညတုန်းက
သူ့အခန်းသူပြန်မအိပ်ပဲ တညလုံး လူနာစောင့် လုပ်ပြီး သွင့်ဘေးမှာ အိပ်‌ေစာင့်
‌ေပးမယ် တကဲကဲ လုပ်နေလို့ အတင်းပင် သူ့အခန်းသူ ပြန်အိပ်ခိုင်းလိုက်ရသည့် ဂျိတ်ဘီမင်းမြတ်ကိုပါ သတိရလိုက်မိသေးသည်။

အင်း အခုလည်း ကျတော် သူ့ရင်ခွင်ထဲမှာ ရောက်နေပြန်ပြီ။သူ့လက်လေးတဖက်က ကျတော့် နဖူးပေါ်သို့ ရောက်လာသည်။

"ကိုယ်ပူတော့ ကျသွားပါပြီ။
မနက်စာ ဘာစားချင်လဲဟင် သွင်
ကျတော်ချက်ပေးမယ်"

"ဦး ချက်မှာပါ"

လို့ ပြန်ဖြေကာ သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်။ပြတင်းပေါက်ဘက်ကို လှည့်နေရာကနေ ဒီဘက်ကို ပြန်လှည့်လိုက်တော့ ဂျိတ်ဘီမင်းမြတ်နှင့် မျက်နှာချင်းဆိုင်မိရက်သား ဖြစ်သွားလေသည်။

ဖျတ်ဆို သူ့လက်နှစ်ဖက်ကို ကျတော့်ကိုယ်ခန္ဒာ၏ နောက် က ပြတင်းပေါက်ဘောင်ဆီသို့ လှမ်းထောက်လိုက်သည်။
ကျတော့်ကိုယ်လုံးကပါ သူ့လက်နှစ်ဖက်ကြားထဲသို့ ရောက်သွားလေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now