part (18)

2.9K 82 1
                                    

အပိုင်း(၁၈)
ဒီတခါ လေဆိပ်ကို လိုက်ပို့ ရသူက ကျတော်ဖြစ်နေပြန်ပါပြီ။လက်ပြပြီး ထွက်ခွာသွားသည့် သွင့်ပုံစံလေးကို ကြည့်ကာ ပြေးဖက်ပြီး မပြန်ပါနဲ့လား ?
သွင်ရယ် လို့ ပြောလိုက်ချင်သည်။

သို့ပေသိ
ဖုန်းလည်း ပြောလို့ ရသလို၊သွင် က မြို့ပေါ်ရောက်လာရင်လည်း ဗီဒီယိုကောလ် ခေါ်လို့ရသည်။

ကျတော်တို့ ချင်း အပြန်အလှန် ချစ်နေကြသ၍ တကယ်ဝေးကြတာ မဟုတ်ဘူး ဆိုတာကို ကျတော်သိနေသည်။

သွင့်ကို လိုက်ပို့ပြီး ကျတော့် အခန်းကို ပြန်ရောက်တော့ အိပ်ရာပေါ်ကို လှဲချလိုက်ကာ ခေါင်းအုံး ကို ဖက်ထားလိုက်မိသည်။သွင့် ကိုယ်သင်းနံ့လေးက အိပ်ရာထက်၌ စွဲငြိကျန်ရစ်ခဲ့လေပြီ။

အိပ်ရာထက်က သွင့် ကိုယ်သင်းနံ့လေးတွေကို အားပါးတရ ရှူရှိုက်နေမိသည်။
ညက အဖြစ်အပျက်ကို ပြန်တွေးလိုက် ကြာ်နူးလိုက်၊သွင် ပြန်သွားပြီဟု တွေးလိုက် လွမ်းဆွတ်လိုက်နှင့် တယောက်တည်း အချစ်သံသရာ လည်နေလေသည်။

အိပ်ခန်းထဲက ထွက်လာတော့ မီးဖိုဆောင်ကိုရောက်လာသည်။
မနေ့ညနေက သွင် ဝတ်သွားသည့် ကျတော့် အေပရွန်လေးကို ငေးမိသည်။
သွင့်ဟန်ပန်လေးတွေကိုပါ မျက်လုံးထဲ၌ ပြန်လည် မြင်ယောင်လာပြန်သည်။

ကျတော် ခင်ဗျား ကို ဘာကြောင့်များ ဒီလောက်နက်နက်ရှိုင်းရှိုင်း တွယ်ငြိသွားမိတာပါလိမ့် ဦးလေးကြီး မင်းဆက်သွင်ရယ်လို့ တွေးနေ မေးနေမိတော့သည်။

စာကြည့်တိုက်ကို ရောက်ရင်လည်း သွင့်ကို မောင် လွမ်းမိပေဦးမည်။ဟူး
လူတယောက်ကို ချစ်ရတာ တကယ် မလွယ်ပါ့လား ?
လို့ တွေးကာ ကျောင်း သွားရမည့် နေ့ဖြစ်တာကြောင့် ကျောင်းကိုသွားရန် မီးရထား ဘူတာ ဘက်သို့ ထွက်လာခဲ့လေတော့သည်။

မြင်မြင်ကရာ သွင်ဖြစ်နေသည့် ကြားကပင် ကျနော် ကြိုးစားရပေလိမ့်မည်။
ဒါမှ ကျတော် သင်ချင်တာ အားလုံးကို သင်ယူ နိုင်ပြီးတဲ့နောက် သွင့်အနားကို ကျတော် ပြန်ရောက်လာနိုင်မည် ဖြစ်သည်။

....

ဂျိတ် ကို ထားခဲ့ရပြီ ဆိုသည့် အသိက လူကို မှုန်မှိုင်းနေစေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now