part (19)

3.1K 99 2
                                    

မောင်ဟုခေါ်ဆိုအပ်သော(BL)
အပိုင်း(၁၉)
ဤသို့ဖြင့် ဖြူတို့ ရောက်မလာသေးသော နှစ်ရက်အတွင်း၌  ပြင်ဦးလွင်မြို့ပေါ်တက်ကာ ဟိုတယ် အခန်းယူပြီး
ဂျိတ်ဘီမင်းမြတ်နှင့် ကျတော်
ဗီဒီယို ကော်လ် လည်း ပြောဖြစ်ခဲ့ကြသည်။

ကြည့်စမ်းပါဦး ကျတော့်အသက်အရွယ်နှင့် ကျတော့် ရင့်ကျက်မှုတွေဟာ အချစ်နှင့် ‌ေတွ့တော့လည်း ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွား ပြီး အချစ်များ နစ်မျောနေမိတာက ကိုယ့်ကိုယ်ကိုယ်ပင် ရှက်ရသည်။

ဟိုတယ်ကနေ အိမ်ကို ပြန်ရောက်တော့ ထုံးစံ အတိုင်းပင် ဖုန်တွေကို သန့်ရှင်းရေးလုပ်ရသည်။အိမ်ရဲ့ နေရာအနှံ့က ခန်းဆီးလိုက်ကာတွေကို အသစ်လဲလှယ် တပ်ဆင်လိုက်သည်။

မီးဖိုခန်းကို သန့်ရှင်းရေး လုပ်ရသည်။နောက်ဆုံးမှ ကျတော့် အဝတ်တွေကို လျှော်လှန်းပြီး ကျတော့် အခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။

"ကလင် ကလင် ကလင်"

ဟော.......
ဒီနေ့ က ဖြူလာမယ်လို့ ပြောထားသည့် နေ့ပက်ဖြစ်သည်။ရောက်များ ရောက်ကာနီး လို့ဖုန်းလှမ်းဆက်တာများလား?
အပြင်ဘက်မှာတော့ တည်ငြိမ်ချင်ယောင်‌ေဆာင်ကာ ရင်ထဲ၌ ဘယ်လောက်တောင် ထိတ်လန့်နေသလဲ မေးပါဦး။
ဖုန်းသံလေး ကြားရုံနှင့်ပင် ရင်ထဲ ဒိန်းကနဲ တုန်သွားရလေသည်။

ဖုန်းအနီးကို ရောက်မှ ဂျိတ်ဆီကမှန်း သိလိုက်ရလေသည်။

"ဟယ်လိူ ဂျိတ်"

"မိန်းမ မောင် လွမ်းနေပြီ မိန်းမရဲ့"

"ဟေး ဂျိတ် ဘယ်လိုတွေ ခေါ်နေတာလဲ"?

ဟော ကြည့်
ဒီကောင်လေးဟာ ဒီအတိုင်းပဲ
လက်ရဲ ၊ဇာက်ရဲ အပြင်
ပါးစပ်လည်းရဲပြီး
တောင်းဆိုဖို့လည်း ရဲတဲ့သူ။
ဘာပဲ ဖြစ်ဖြစ် ကျတော်ကလည်း
သူ့ကိုမှ ချစ်မိနေမိတာကိုး။

ပါးစပ်က အမြဲတမ်း သူ့ကို ဟန့်မိပေမယ့် သူ့ကို ကျတော် တားဆီးလို့ မရမှန်းလည်း သိသည်။
အဆုံးမှာတော့ အမြဲတမ်း သူ့အလိုကိုသာ လိုက်ရစမြဲပင် ဖြစ်သည်။

"ဘာဖြစ်လို့လဲ မိန်းမရဲ့
မောင့်မိန်းမမို့ မိန်းမလို့ ခေါ်တာကို"

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now