ကျနော် သည်သာ......4

1.1K 76 4
                                    

ကျနော်သည်သာ.....4

ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့်

"မင်းသား ဘာလိုလဲမသိဘူး "

ပြောပီ ကိုအောင်ထလိုက်ပေမယ့်

"ရှင်နေပါ ကျမသွားကြည့်မယ်"

ပြောပီ ဒေါ်ပန်းရုံအိပ်ရာထက်ကထပီ သွက်လက်စွာ ထကာ တံခါးဖွင့်လိုက်ချိန်

ခေါင်အုန်လေး ပိုက်ကာရပ်နေသူကြောင့်

"သား ဘာလိုလို့လဲ"

🐥"မလိုပါဘူး မေမေရာ သားမေမေတို့နဲ့ အိပ်ချင်လို့"

"ဟင် သားကတော့လေ တကယ့်ကလေးလေးပဲ လာလာ"

"ကိုအောင် ရှင့်သားက အတူအိပ်ချင်လို့တဲ့"

"ဟ ကောင်းတာပေါ့ကွ သားလာ လာအိပ်"

ဂျီ ဖေဖေနဲ့မေမေ့ကြားဝင်အိပ်လိုက်ပီ မိဘတွေရဲ့လက်တွေကိုဆွဲကိုင်ထားတော့ ဖေဖေကော မေမေကော သူ့ပါးတွေကို တစ်ဖတ်စီးနမ်းလိုက်ပီ

""အရင်တုန်းက အချိန်တွေကိုသတိရတာရှင်"

"အင်း သားကိုဖတ်ပီအိပ်ရ‌တာလောက် လောကကြီးကပျော်စရာမကောင်းဘူးကွ"

"အရင်းက သေးသေးလေ ခုကြည့်ပါဦး ငါ့သားကထွားလာပီ ကြီးလာလိုက်တာ"

"ပြောလိုက်ရင်ငါ့သား ငါ့သားနဲ့ သူတစ်ယောက်ပဲမွေးထားတာကျနေတာပဲ နော့သားရေ"

မေမေက ဂျီ့မေးစေ့လေးကို ဆွဲကိုင်ပီပြောလိုက်တော့

"ဟော့ ငါ့သားမို့ ငါ့သားပြောတာကိုဘာမနာလိုနေတာလဲ ""

"အံမယ် ကျမမွေးထားတာ"

"ငါပြောလိုက်ရ မကောင်းဖြစ်ဦးမယ်"

🐥""ဟားးးဟားးးတော်ပါတော့ ဖေဖေနဲ့မေမေရာ သားကဖေဖေနဲ့မေမေတို့ရဲ့ ချစ်လှစွာသော တစ်ဦးတည်းသောသားပါ"

ဒါကဖေဖေနဲ့မေမေတို့ရဲ့သားလုချင်း အမြဲတမ်း ‌စကားနိုင်ထိုးနေကျ

ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသူကိုပြပါဆိုလျှင် ဖေဖေနဲ့မေမေတို့ရဲ့ ချစ်ချင်းအပြည့်အဝ ရထားတဲ့ သူသာလျှင် ပထမရမှာသေချာသည်

ကျနော်သည်သာWhere stories live. Discover now