ကျနော်သည်သာ.....

1.3K 79 10
                                    

ကျနော်သည်သာ.....

တိတ်ဆိတ်နေတဲ့ အိမ်တော်တစ်ခုလုံးအပ်ကျသွားရင်တောင် ကြားရမယ့်အနေအထားမှာ

ဖိုးရဲ့အသံက ဟိန်းထွက်လာသလို ထယ်ရဲ့ပျတ်သာတဲ့ အသံကလည် တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်

ထယ် ကမ်းပေးတဲ့အနက်ရောင်ဖိုင်းလေကို အဖိုးယူလိုက်ကာ ထယ်ကိုတည်ငြိမ်စွာ ကြည့်နေခဲ့သလို လူတွေအားလုံးလဲ အဖိုးနဲ့ထယ်ကို စိတ်ဝင်တစား ကြည့်နေခဲ့ကြသည်။

ဒေါ်လေးနဲ့ဦးလေကတော့ သူတို့နဲ့မဆိုင်သလို

ကုကီ လက်တစ်ဖတ်က ဓါးလေးကို ကိုင်ထားမိရက်ဖြစ်ကာ တင်းနေခဲ့သည်

ဂျီ ခုံအောက်ကနေ ကုကီရဲ့ပေါင်တို့ကို ဆုတ်ကိုင်ပီ သတိပေးလိုက်မှ ကိုင်ထားသော ဓါးကို‌ဖြေ လျှော့ လိုက်ကာ ခုံအနောက်ကို အသာလေးမှီထားလိုက်ပီ စိတ်တို့ကို စုစည်းထားလိုက်သည်

ထယ်ယောင်း အဖိုးပြန်ပေးတဲ့ ဖိုင်းလေကို ကိုင်လိုက်ပီ

🐻"ဒါက ကျနော် ကင်ထယ်ယောင်းပိုင်တဲ့ Jeon Group companies ရဲ့ရှယ်ယာတွေနဲ့ အမွေးတွေပါ ကျနော့မိသားစုနဲ့မသက်ဆိုင်တဲ့ ကျနော်ရဲ့ပိုင်ဆိုင်မူ့ပါ Jeon Group မှာရှိတဲ့ ကျနော့ရဲပိုင်ဆိုင်မူ့အားလုံးကို ဂျွန်းဂျောင်ကုကို မဂ်လာလက်ဖွဲ့အဖြစ် ပေးအပ်လိုက်ပါတယ်"

🐰"ဗျာ"

လုံးဝမထင်မှတ်ထားသော စကားတို့ကြောင့် စားပွဲတတ်လာသူ အားလုံးအံအားသင့်သွားခဲ့ကြသည်

🐻"ဟုတ်ပါတယ် ကျနော့ပိုင်ဆိုင်မူ့အားလုံးကို မဂ်လာလက်ဖွဲ့ပေးပီတော့ ဂျွန်းဂျီမင်ကို မိသားစုဝင် အဖြစ် အသိအမှတ်ပြုလက်ဖွဲ့တာပါ""

ထယ်စကားကြောင့် ကုကီပြောမလို့ စကားဟလိုက်ပေမယ့်

🐰"Tae Hyung ဒါက...."

🐻"ကို ပြောလို့မပီသေးဘူး ဒီလက်ဖွဲ့က ဂျွန်းဂျောင်ကုကိုမဂ်လာ လက်ဖွဲ့ပေးတာထက် ဒီအိမ်ထောင်ရေးကို မထိန်သိမ်းနိုင်ခဲ့ရင် ဒီအိမ်ထောင်ရေးမှာ ပြသာနာဖြစ်ခဲ့ရင် ဒါတွေအကုန်လုံးက ဂျွန်းဂျီမင် ပိုင်ဆိုင်သွားမှာပါ"

🐥"ဗျာ!!"

ဒီတစ်ခါအံအော်သွားသူက ဂျီပါ

🐻"ဟုတ်တယ် ဂျွန်းဂျောင်ကု ထိန်သိမ်းပီ ဂျွန်းဂျီမင်က ပိုင်ဆိုင်သူပါ ဂျွန်ဂျီမင် စိတ်ကြိုက်စီမံခွင့်ရှိပါတယ်"

ကျနော်သည်သာWhere stories live. Discover now