ကျနော်သည်သာ......15

1K 75 8
                                    

ကျနော်သည်သာ.........15

နံနက်ခင်း လင်းကြက်တွန်းသံတို့နဲ့အတူ ဂျီနိုးထလာခဲ့ပီ မူန်းပြပြ ညမီးအိမ်ရဲ့အလင်းနဲ့အတူ

အကြောတို့ကို ဆန့်တန်းလိုက်ပီ လှည့်ကြည့်လိုက်ချိန် သူ့ကိုမျက်နာမူပီ အိပ်ပျော်နေဆဲ ကုကီမျက်နာလေကို ငေးကြည့်မိပီ လက်တို့က မရည်ရွယ်စွာ နဖူးပေါ်ကျနေသော ဆံနွယ်တို့ကို ဖယ်ရှားပေးလိုက်ကာ မျက်ခုံးမွေးထူးထူးလေအောက်က မျက်တောင်ရှည်ရှည်လေးတွေက ဝပ်ဆင်နေပီ နာတံလုံးလုံးလေးအောက်က ကွေးညွတ်နေသော နူတ်ခမ်းပါးလေး နူတ်ခမ်းပါးလေအောက်က မှဲ့နက်ကလေးကို အသာအယာထိတွေ့နေလိုက်ချိန်

ယားနေတဲ့အထိအတွေ့ကြောင့် ကုကီ နိူးထလာပီ သူ့မေးစေ့မှာ ထိကိုင်နေသလို ခံစားရကာ မျက်လုံးတို့ အိပ်မူန်စုံမွား ဖွင့်လိုက်ပီ

🐰"နိူးနေပီလား"

အသံကြောင့် ဂျီထိတွေ့နေရာက လန့်သွားပီ လက်ကိုရုတ်သိမ်းလိုက်ပီ အမြန်လှည့်လိုက်ချိန်

ဝုန်း!

ကုတင်ပေါ်ကပြုတ်ကျသွားပီ

🐥"အား နာလိုက်တာ"

ပြုတ်ကျသူကို လှမ်းဆွဲလိုက်ပေမဲ့ စောင်ကိုသာဆွဲမိပီ

🐰"ရလား ဘယ်လိုဖြစ်ရတာလဲ"

🐥"ဘယ်လိုဖြစ်ရမလဲ မင်းအိပ်ပုတ်နေလို့ နိူးမလို့ကို တကယ်ပဲ"

ဂျီ ထရင်း ကိုယ်လုပ်တဲ့အပစ်ကို ရှက်ရှက်နဲ့ပြန်ပြောပီ ရေချိုးခန်း ဝင်ကာနီး တံခါးဖွင့်လိုက်ချိန်

🐰"ခဏက ငါ့မျက်နာမှာ တစ်ခုခုလာထိတွေ့သလိုပဲ"

ကုကီ စကားကြောင့် ဂျီ လန့်သွားပီ

🐥"အိပ်ချင်မူတူနဲ့ ဘာတွေပြောနေတာလဲ ထတော့ မိုးလင်းနေပီ"

ဂျီ ခပ်တည်တည်နဲ့ဟောက်ပီ ရေချိုးခန်းထဲ မြန်မြန်ဝင်လာခဲ့လိုက်ကာ

ရားးးးဒီလက် အငြိမ်မနေပဲ ဘာလို့သွားကိုင်မိတာပါလိမ့် တော်သေ မရိပ်မိပါစေနဲ့

ဂျီ ကိုယ်လက်ကိုရိုက်ပီ သတိပေးလိုက်ကာ ကိုယ်လက်သန့်စင်ပီထွက်လာချိန် မရှိတော့တဲ့သူကြောင့် ဘယ်ရောက်သွားတာပါလိမ့်တွေးကာ အိပ်ယာတို့ကို ညီညာပြန့်ပြူနေအောင် သိမ်းလိုက်ပီ ထွက်လာခဲ့လိုက်သည်

ကျနော်သည်သာWhere stories live. Discover now