ကျနော်သည်သာ....22

964 65 14
                                    

ကျနော်သည်သာ.......22

နေရောင်ခြည် အလင်းတို့နဲ့အတူ လေးလံနေသော မျက်လုံးတို့ကို အားယူဖွင့်လိုက်ကာ မမြင်ဖူးသော ကြည်ပြာရောင်မျက်နာကျတ်ကြောင့် ငါဘယ်ရောက်နေလဲ အတွေးတို့နဲ့အတူ အခန်းပတ်လည်ကို ဝေ့ကြည့်ခဲ့လိုက်သည်

တစ်ခန်းလုံးကြည်ပြာရောင်လေ သုံးထားပီ စားပွဲတွေ ဗီရိုတွေ မျက်စိအေးစရာ မြင်ကွင်းလေးကိုကြည့်ပီ ဂျီထထိုင်လိုက်ကာ ငါဘယ်ရောက်နေလဲ အတွေးတို့က ကြီးစိုးနေခဲ့သည်

🐻"Morning မင်း နိူးပြီလား"

တံခါးဖွင့် ဝင်လာတဲ့ လူကြီးကြောင့် ဂျီလန့်သွားကာ

🐥"ဟင် လူကြီး ကျနော်က ကျနောဘယ်မှာရှိနေတာလဲ"

ထယ် ယူလာတဲ့ ခေါက်ဆွဲပန်ကန်လေး ချလိုက်ပီ

🐻"ကို့ အိမ်မှာလေ မင်း"

🐥"ဗျာ!!!!"

မိုးမီလောင်တော့မည်ကုကီသာသိရင် အရှင်လတ်လတ်အသက်ထွက်သွားနိုင်ပီ ဘဝတစ်ခုလုံးစုတ်ပျတ်သက် သွားနိုင်သည်

🐥"မဖြစ်ဖူ မဖြစ်ဖူး ကု သိရင်ကျနော့ကို သတ်လိမ့်မယ်"

ပြောရင်း အပြင်ပြေးထွက်တော့မယ့် ကလေး လက်ကို လှမ်းဆွဲလိုက်ပီ

🐻"အင်း သေချာတယ်"

🐥"ကျနော် ပြန်မယ်"

🐻"ပြန်လို့ မရဘူး"

🐥"ဘာလို့လဲ"

🐻"ခု ဂျောင်းကုက ကလေးနဲ့ကို့ကို ‌မြေလှမ်းရှာပီ သတ်မယ်လုပ်နေတယ် ရှင်းမရသေးဘူး ကိုတို့ပုန်းနေတာပိုကောင်းတယ်"

🐥"ဟာ... ဘယ်လိုဖြစ်မလဲလူကြီး ပိုဆိုးကုန်မှာပေါ့"

ပြန်ဖို့ ထွက်ဖို့လုပ်နေတဲ့လူရှေ့ရပ်လိုက်ပီ

🐥"အကုန်လုံးသေမယ့်လမ်းကိုရွေးမလို့လား ခနလေပဲ စောင့်ပါ ကိုယ့်ကိုမယုံဘူးလား"

🐥"လူကြီးကို မယုံတာမဟုတ်ဖူး ဒါက ဒါက မဟုတ်သေးဘူး လူကြီး"

🐻"ဒီချိန် မင်းပြန်သွားရင် ဂျောင်ကုက ကို့ကိုလာသတ်လိမ့်မယ် ဒါဆိုသူလည်ထောင်ကျမယ် မင်းလဲအရှက်ကွဲမယ် ကိုလည်သေမယ် ခုကအချိန်မဟုတ်သေးဘူး နောက်နှစ်ရက်သုံးရက်ပဲလေးနော် ကလေးက လိမ္မာပါတယ် လာထိုင်ရအောင်"

ကျနော်သည်သာWhere stories live. Discover now