ကျနော်သည်သာ......10

1.1K 80 8
                                    

ကျနော်သည်သာ......10

မနက် ရောင်နီဦး လင်းကြက်တွန်းသံတို့နဲ့အတူ ကုကီနိူးထလာခဲ့ပီ ဆိုဖာပေါ် အိပ်မောကျနေဆဲ အကောင်ပေါက်လေကို ကြည့်လိုက်ပီ လွတ်နေသော စောင်ပါးလေကို ဆွဲယူခြုံပေးကာ ရေချိုးခန်ထဲဝင်ပီ ကိုယ်လက်သန့်စင်ကာ အခန်းထဲက တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်

မနေ့က ဆူညံပွတ်လောရိုက်နေတဲ့အိမ်ကလေးရဲ့ ဆန့်ကျင်စွာ ယနေ့မှာတော့ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်

မီးဖိုးခန်း ရေခဲသေတ္တာထဲက နွားနို့ထုတ်ယူပီ ကြိုချက်လိုက်ကာ ပါမုန့်တွေ မီကင်လိုက်သည်။

မီးအေးအေးလေးနဲ့ တင်ထားလိုက်ပီ အော်တိုမီးထားခဲ့လိုက်ကာ သူ့အတွက်သူယူစားလိုက်ပီ ဂျီထရင်အဆင်သင့်စားရအောင် ထားထာပေးလိုက်သည်

ကုကီ မနက်စာ စားပီချိန် မေမေတို့ အိမ်ဖတ်မီတွေလင်းလာပီမို့ မေမေပန်းတို့ ပြန်တော့မယ်အသိနဲ့ နူတ်ဆက်ဖို့ ကူးသွားလိုက်သည်

🐰"မေမေ သားဘာသယ်ပေးရမလဲ ပေးဖေဖေကားထဲ ထည့်မှာမလား သားထည့်လိုက်မယ်"

ကုကီ မေမေကို ပြောရင်းဖေဖေလက်ထဲကအထုတ်တွေ သွက်လက်စွာ ကူသယ်ပေးပီ ကားအနောက်ခန်းထဲ စနှစ်တကျ ထည့်လိုက်သည်

"သားကော"

🐰"အမေ့သား အိပ်တုန်း"

ဒေါ်ပန်းရုံရဲ့အမေးကို ကုကီဖြေလိုက်ပီ ကားကိုစနစ်တကျစစ်ဆေးနေခဲ့သည်

"သားဂျီကတော့လေ အိမ်ထောင်ရှင်ဖြစ်ပီကို"

🐰"ရပါတယ် မနေ့ကပင်ပန်းထားလို့နေမှာပါ အိပ်ပါစေ ကျနော်ကခြံထဲဆင်းရမှာမို့ ‌စောစောထတာပါ"

"မင်းကလည် မဂ်လာဦးလေ"

ဖေဖေစကားကြောင့် ကုကီရှက်သွားပီ

🐰"ဟာ ဖေဖေကလည် အဒါပြောတာမဟုတ်ပါဘူး"

"ဟားးဟားးအဖေတို့လည် ငယ်ရာကကြီးလာတာပါ ရှက်မနေပါနဲ့ ဘယ်လိုလဲ ပျော်စရာကောင်းတယ်မလား"

🐰"ဖေဖေကလည် သားက သားက""

ဖေဖေရဲ့စကားမှာကုကီရှက်ပီ ဘာပြောရမလဲ ဖြစ်နေခဲ့သည်

ကျနော်သည်သာWhere stories live. Discover now