ကျနော်သည်သာ.....ex2

1K 68 20
                                    

ကျနော်သည်သာ....ex2

နေရောင်ခြည် နွေးနွေလေရဲ့ အောက်မှာ ဂျီ နိူးထလာခဲ့ချိန် ကုတင်ဘေးကစားပွဲခုံလေးမှာ laptop တစ်လုံးနဲ့ အလုပ်ရူပ်နေသူလေ အိမ်ပြန်ရောက်ကတည်းက သူ့အနားကနေမခွာပဲ အလုပ်အားလုံးကို ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေသူလေ ကို ဂျီငေးကြည့်နေခဲ့မိသည်

မျက်လုံးဝိုင်ဝိုင်လေးတွေ နာတံချွန်ချွန်လေးအောင်က နူတ်ခမ်းပါးလေးကို လက်တစ်ဖတ်က ထိကိုင်နေပြီ မော့က်စ် လေးကိုကိုင်ထားတဲ့လက်ရှည်ရှည် သွယ်သွယ်လေးနဲ့ အလုပ်ကိုစိတ်ဝင်တစား လုပ်နေတဲ့ မောင့်ပုံစံကဆွဲဆောင်မူ့ရှိလိုက်တာ

ဂျီငေးကြည့်နေချိန် မောင်လှည့်လာပြီ

🐰"ဟင် နိူးနေပြီလား ကြည့်နိူးနေတာကိုအသံမပေးဘူး"

ပြောပီ ထလာကာ အိပ်ယာပေါ်ထိုင်လိုက်ပီ ဂျီ့ပါးပြင်လေးကို ငုံနမ်းလိုက်သည်

🐥"မောင်အလုပ်လုပ်နေလို့လေ ခြံထဲမသွားဖူးလား"

🐰"အင်း ကိုကျော်ကြီးတို့လုပ်လိမ့်မယ်"

🐥"အင်း"

🐰"နေလို့ကောင်းလား အဆင်ပြေလား"

🐥"အင်း မောင်"

🐰"ဗျာ"

မောင်ဗျာလို့ထူးတိုင် ဆယ်ကျော်သက်ကလေးလို သူ့ရင်ကိုလှုပ်ခက်နေတုန်းပဲ

🐥"မောင်"

🐰"ဗျာ ပြောလေဂျီ"

🐥"မောင့်ကို အရမ်းချစ်တာပဲ"

🐰"မောင်ကလည် ဟော့ဒီလူသာလေးကို အရမ်းချစ် "

🐥"ဂျီကပိုချစ်တာ"

🐰"ဟုတ်ပါပီ ဗျာ ထတော့နော် မနက်ဆေးသောက်ရဦးမှာ ဂျီကိုယ်လင်သန့်စင်ဖို့ မောင်အားလုံးလုပ်ထားတယ် ထ မောင်ပို့ပေးမယ် ပီရင် မနက်စာ စားပီဆေး‌သောက် ရမယ်နော်"

ဒါကမောင်မနက်တိုင်း ပြုလုပ်နေကြမို့ ဂျီစကားတို့မဆက်ပဲ မောင့်လက်ကိုတွဲထားကာ လုပ်စရာရှိတာ လုပ်နေခဲ့ပြီ အဝတ်လဲကာ ထမင်းစားခန်းဝင်လာခဲ့ကြသည်

မောင်ပြင်ပေးတဲ့ မနက်စာကို အေးအေးချမ်းချမ်းထိုင်စားပြီ မောင့်လက်ကိုတွဲထားပြီးမနက်ခင်း ခြံတစ်ပတ် လမ်းလျှောက်နေခဲ့ကြသည်

ကျနော်သည်သာWhere stories live. Discover now