Ep_2

242 45 39
                                    

Unicode

"ပတ်ဂျီမင်း !!..... "

"ဘာလဲဗျာ... "

ခရမ်းရောင်ဆံပင်ပျော့ပျော့တွေကိုသပ်တင်ရင်းပြန်ထူးသည်မှာ ပတ်ဂျီမင်းဟာ ခပ်ဆိုးဆိုး
ဒီလို ကလေးကလားပုံစံနှင့် ဘယ်လိုပွဲဦးထွက်မလဲ မသိတော့ပေ။

"ငါတို့ကို ဒုက္ခအရမ်းပေးတဲ့ဟာလေးခုနကဘာတွေဖြစ်ပျက်သွားတယ်ထင်လဲ....ဟမ် "

"တကယ် တစ်မိနစ်လောက်လေးပဲနောက်ကျသွားတာပါဆိုနေ ဒိုဒိုရယ် "

"တော်စမ်း !..ဘာကို တစ်မိနစ်လဲ...
ငါ့မှာ ခါးရိုးကျိုးမတတ်တောင်းပန်လိုက်ရတာလေ

ဒီမှာ ဒီမှာ ဒီခေါင်းကြီးက မြေကြီးထဲရောက်မတတ်ပဲ..သိလား ကောင်စုတ်လေးရ... "

သူ၏ခေါင်းကြီးကိုလက်နှင့်ထိုးပြကာ အော်ကြီးဟစ်ကျယ်ပွစိပွစိလုပ်နေသော ဒိုဒိုဟျွန်းအား ဂျီမင်း တကယ် စိတ်လေနေပါသည်။

"အင်းပါ...ကျွန်တော်မှားတယ်ပဲ သတ်မှတ်လိုက်တာပေါ့ "

မျက်နှာငယ်လေးဖြင့်ပြောကာ ဘေးကထိုင်နေသော ဒိုဟျွန်းလက်ထောက်၏ပုခုံးပေါ်မှီပြီး

ဝမ်းနည်းသွားရသည့်ပုံစံလုပ်ပြနေသော ခရမ်းနုရောင်သည် ဒိုဟျွန်းကို လုံးဝ ပန်းနုသွေးပြနေပါပြီ။

ထိုသည်ကို ဒိုဟျွန်း၏လက်ထောက်အူတူတူကောင်မှာလည်း အတည်ထင်မှတ်ကာ မျက်ရည်တစမ်းစမ်းဖြင့် ပြန်ချော့နေရှာသည်။

" မင်းတို့တွေ...ဘာလုပ်နေကြတာလဲ !"

"အာ...လန့်လိုက်တာ ဘာလဲဟ "

ဂျီမင်းကို ဆူဆဲနေရင်းတန်းလန်းပင်အခန်းထဲဝင်လာကာဇွတ်အော်နေသော ဒုစီအီးအို ဂျက်ဆင်ကြောင့် ဒိုဟျွန်းထပ်လန့်ရပြန်ပြီ။

ဒီသောက်ချီးလိုမျိုးEnt

" ဂျီမင်း....ဒီ​ကောင့်ပုခုံးကို ဘာလို့မှီနေတာလဲ...ထစမ်း ! "

ခုနကအထိလက်ထောက်လေးအပေါ်မှီနေသော ခရမ်းရောင်လေးမှာ ဂျက်ဆင်အားကြည့်ကာ မျက်တောင်များ ပုတ်ခတ် ပုတ်ခတ်

ဂျက်ဆင်မှာလည်းလက်ထောက်ကောင်လေးကိုစူးစိုက်ကြည့်နေပြန်သည်။

MATCHED PAIR Where stories live. Discover now