Ep_8

182 29 28
                                    

Unicode

လေယာဥ်ပေါ်ကို ရူးတဲ့သူတင်ခေါ်စရာလား အဓိပ္ပာယ်မရှိနေတာ !!

"ဂျက်ဆင်ဟျောင်း.....ဘယ်လိုလုပ်ရောက်လာခဲ့တာလဲ"

ဂျီမင်းသည် ဂျက်ဆင်အားမေးကာ အံ့သြတကြီးကြည့်နေသည့်အခါ
ဂျက်ဆင်သည် ခပ်ဖွဖွပြုံးပြလိုက်ကာ ဂျီမင်းရဲ့ဆံပင်နုနုများအား ဆွဲဖွ၍ စကားဆိုလာသည်။

"ဟျောင်းက ဂျီမင်းကို လက်ထောက်နဲ့ပဲဆို သိပ်စိတ်မချလို့လေ
ပြီးတော့ အဲ့မှာ အလုပ်ကိစ္စနဲ့ပတ်သတ်တာလေးရှိလို့ ပီဒီကြီးက တစ်ခါတည်းလိုက်ခဲ့လို့ပြောတာနဲ့ ရောက်လာခဲ့တာ"

ဂျီမင်းရဲ့ဘေးကထိုင်နေသော ဂျောင်ဆန်မှာတော့ ဘယ်လိုပဲလာပြောပြော
မယုံဘူးဆိုသည့် မျက်နှာထားဖြင့်သာရှိနေပြီး ဂျီမင်းဆံပင်အား ဆွဲဖွနေသော လက်အား ခပ်ထေ့ထေ့ မှေးစင်းကြည့်နေခဲ့သည်။

*ဆံပင်လှလှတွေကို ထိစရာလား များနေပြီ အဲ့ဒီကောင်*

"ဟုတ်လား အဲ့တာဆို ပိုကောင်းတာပေါ့
ကျွန်တော်တစ်ယောက်တည်းဆို သိတဲ့သူမရှိလို့ အဆင်ပြေမယ်မထင်ဘူး
ဟိုရောက်ရင် အတူတူလျှောက်လည်ရအောင်နော် ဟျောင်း "

ဂျီမင်းသည်ဂျက်ဆင်အား ချွဲနေကျဖြစ်တာမို့ ဂျက်ဆင်ရဲ့လက်အား လှုပ်ယမ်းကာ ပူဆာနေသောအခါ ဂျက်ဆင်သည် ထိုအချိန်တွေတိုင်းတွင် အသည်းယားခဲ့ရခြင်းတွေ မဆုံးနိုင်ပေ။

"အလုပ်လုပ်ဖို့လာတာလား လာကြည်နူးတာလား အဟွန်း..."

ဂျောင်ဆန်မှာ တစ်ခုခုဆိုလျှင် ဦးစားပေးခံရမှ ကျေနပ်သည်မို့ ဂျီမင်းမှာ ဂျက်ဆင့်ကို ပိုရင်းနှီးပြနေခြင်းသည်
တကယ်ကို မနာလိုစရာ

ပတ်ဂျီမင်းက အဲ့ကောင်ရူးနေတာ သိမှမသိတာ။

အခုလည်း ဂျောင်ဆန်က ဘေးက သူတို့တစ်ခုခုပြောတိုင်း လိုက်၍ ရွဲ့ရွဲ့ပြောနေခဲ့သည်ကို ဂျက်ဆင်သတိထားမိပါသည်။

သို့သော် ဂျီမင်းမှာ စကားပြောလို့ ကောင်းတုန်းပင်။

လေယာဥ်မှာလည်း မကြာခင်ထွက်မည်ဖြစ်တာမို့ ဂျက်ဆင်မှာလည်း နေရာယူရတော့မည်ဖြစ်သည်။

MATCHED PAIR Where stories live. Discover now