Ep _ 7

180 28 22
                                    

Unicode

"ပြွတ်စ် ပြွတ်စ်"

ဂျောင်ဆန်သည် ယူလာသော ခေါင်းသုတ်ပုဝါအားအောက်သို့ပစ်ချကာ ဂျီမင်းအား စားပွဲပေါ်သို့ မ တင်ကာ ထိုင်စေ၍ နှုတ်ခမ်းအား စေ့စေ့ကြည့်ပြီးမှ သကြားလုံးအား စုပ်ယူသကဲ့သို့ တပြွတ်စ်ပြွတ်ဖြင့် အဆက်မပြတ်စုပ်နေခဲ့သည်။

"အင်းး....ဂျောင် ! ပြွတ်စ်.......

ဂျီမင်းမှာ ရရာနေရာသို့ ဆွဲကာထုရိုက်နေသော်လည်း စကားပြောခွင့်တောင်မရ
ခေါင်းတစ်ခုလုံးချာချာလည်ကာ မျက်နှာနှင့် နားများမှာ နီရဲလာပြီး မဝင်စဖူး ရှက်စိတ်များ ဝင်လာခဲ့သည်။

ထိုသို့ဖြင့် အရှိန်ရလာသော ဂျောင်ဆန်မှာဂျီမင်း၏ခေါင်းအား ထိန်းကိုင်ကာ နမ်းနေရင်း တဖြည်းဖြည်းနှင့် ဂျီမင်းတစ်ယောက် ထမင်းစား စားပွဲနှင့် ကျောကပ်ရတော့မည့်အနေအထားသို့ရောက်လေတော့မည်။

ကြံရာမရသည့်အဆုံးတွင် ဂျီမင်းမှာ ဘယ်ဘက်လက်တွင် ကိုင်ထားသောရေခဲမုန့်ဇွန်းအား သတိရကာ နီးသည့်နေရာမှ ဂျောင်ဆန့်၏နရင်းအား ဖြတ်ရိုက်ပစ်လိုက်ရသည်။

"အာ့ရှ်းးး.....ငါချီး
လက်သံကလည်းပြောင်တာဟ "

ဂျောင်ဆန်တစ်ယောက် ဖြတ်ရိုက်ခံရသော နရင်းနေရာအား ဖိကိုင်လျက် ငြီးငြူလိုက်ကာ ဂျီမင်းအား ပြန်ကြည့်လိုက်လျှင်
စားပွဲစွန်းတွင်ထိုင်နေရသည့် ဂျီမင်းသည် နှုတ်ခမ်းဆူဆူထော်ထော်လေးတစ်ခုလုံး စိုရွှဲကာ အသက်ရှူမြန်နေပြီး ဂျောင်ဆန့်အား မျက်စောင်းတကြီးကြီးဖြင့် ကြည့်နေရှာသည်။
နှုတ်ခမ်းထူထူလေးမှာလည်း ပိုရဲလာသလို။

"ရားး ! နှာဘူး တဏှာရူး လူယုတ်မာ
လူစိတ်မရှိတဲ့လူကြီး ခင်ဗျား ထွက်သွား !!! "

အရိုင်းအစိုင်းရေဘဝဲလေး
ဂျီမင်းမှာ အဆဲပေါင်းမျိုးစုံဖြင့် ဂျောင်ဆန့်အား အော်ဟစ်ဆဲဆိုပါတော့သည်။
ထို့ကြောင့်
ဂျောင်ဆန်သည် မဲ့ပြုံးပြုံးလိုက်ကာ ဆဲဆိုနေသော ဂျီမင်းအား ပြေးမကာ ချုပ်နှောင်ပြီး
စံအိမ်ပေါ်သို့ ချီမသွားခဲ့သည်။
ဂျီမင်းမှာလည်း ယက်ကန်ယက်ကန်ဖြင့် ပါးစပ်မှာလည်းအငြိမ်မနေလျှက်ပင် ခေါ်ရာသို့ ပါသွားလေသည်။

MATCHED PAIR Where stories live. Discover now