Ep_5

165 32 36
                                    

Unicode

ယနေ့သည် ရာသီဥတုသာယာသည်။
လေအေးအေးများတိုက်ခတ်နေပြီး ထူးထူးဆန်းဆန်း အချစ်များနှင့် ပြည့်နှက်နေသော နေ့တစ်နေ့နှင့်ဆင်တူနေသည်။

"ဟုတ်ကဲ့ အခုမနက်မှာပဲ Thirteen Cal lရဲ့Solotist ပတ်ဂျီမင်း
J_N Sanရဲ့ဂျောင်ဟိုဆော့တို့မှာ တွဲနေပြီဟူ၍ နှစ်ဖက်စလုံးမှ အတည်ပြုပေးပြီးနောက်

ဂျီမင်းမှာသြဇီကနေပြန်လာပြီးမှ တွဲနေကြသည်မှာ မကြာသေးကြောင်းThirteen Calရဲ့​တာဝန်ခံတွေဆီမှ သိရှိရပါတယ် "

သတင်းများသည်အဆက်မပြတ်တက်နေခဲ့ပြီး အားပေးသူ ပရိတ်သတ်များသည်လည်း ထိုသို့ ဖွင့်ဟသော ကြောင့် ပို၍လူကြိုက်များနေကာ

ထိုအတွဲရဲ့ နေထိုင်မှုများအား ပို၍သိရှိချင်နေကြသည်။

"ဒီနေ့SKNeရဲ့အကောင်းဆုံးသတင်းကတော့ ပတ်ဂျီမင်းနဲ့ဂျောင်ဟိုဆော့ရဲ့Dating news !

တွဲတာမကြာသေးသော်လည်း ကာယကံရှင်နှစ်ဦးမှာ Sunday Night ဘားတွင်လည်း တိတ်တဆိတ်ချိန်းတွေ့ခဲ့ကြပြီး

Thirteen Cal Labelအတွင်းမှာလည်း တွေ့ရှိနေခဲ့ကြကြောင်း ဓာတ်ပုံများထွက်ပေါ်လာ "

ဂျောင်ဆန်သည် စံအိမ်တွင်ရှိနေ၍ တက်လာနေသော သတင်းများအား အေးအေးလူလူကြည့်နေသည်။

"Boss ! မဒမ့်ဆီက ဖုန်းလာတယ် "

မနေ့ကတည်းက ပလူပျံနေသော သတင်းများသည် အခုဆိုလျှင် မသိတဲ့သူမရှိအောင်ပင် ပွနေပြီဖြစ်ရာ
ဂျောင်ဆန့်မားသားကြီးမှာလည်း အခုလှမ်း၍ဖုန်းဆက်လာပါသည်။

"ဟေး မဒမ်ဂျောင် နယူးယောက်ဘက်ရောက်နေတာဆို အဆင်ပြေလား "

ဂျောင်ဆန်သည် သူ၏မားသားကြီး မိခင်ဂျောင်အား သူငယ်ချင်းပြောပြောကာ အရင်စနောက်လိုက်ပါသည်။

"My love ! ဘာတွေလုပ်နေတာတုန်းကွယ် "

ဂျောင်ဆန့်မားသားကြီးသည် ကြွယ်ဝသည်နှင့်လိုက်ဖက်အောင် တကယ်ကို ခေတ်ဆန်ပြီး လန်းလှပါသည်။
နေထိုင်မှုပုံစံမှာ ၁၆နှစ်သမီးကဲ့သို့ သွက်သွက်လက်လက်ရှိပါသည်။

အခုမှာလည်း ယောကျ်ားဖြစ်သူအား
စိတ်ကောက်ပြီး နယူးယောက်တွင် သွားကဲနေခြင်းဖြစ်သည်။

MATCHED PAIR Where stories live. Discover now