Ep_6

195 31 32
                                    

Unicode

မိုးစက်များသည် တဖြည်းဖြည်းနှင့်သာ ကျလာနေသည်။မကြာခင် မိုးရွာတော့မည်ဟူ၍ အသေအချာ ခန့်မှန်းနိုင်သည်။

ဂျောင်ဆန်မှာ ရောက်ရှိနေသော ပန်းခြံထဲသို့ မျက်မှန်အား ချွတ်ကာ ဝေ့ဝိုက်ကြည့်လိုက်သောအခါ ခရမ်းရောင် ဆံပင်ပါသော လူသားအား အရိပ်ကလေးတောင် မမြင်ရ။

ပန်းခြံရဲ့ လှေကားထစ်ငယ်တွေကနေ တစ်လှမ်းချင်း ဆင်းလာတဲ့ ဂျောင်ဆန်မှာ ဒီနေ့ တကယ်ကိုကြည့်ကောင်းနေခဲ့ပါသည်။
ဂျစ်ကန်ကန်ပုံစံမျိုးမဟုတ်တော့ပဲ တည်ကြည်နေသည့် ပုံစံနှင့် အနက်ရောင်ကုတ်အရှည်ကို ဝတ်ဆင်ထားတာမို့ ရှိန်စရာကောင်းနေခဲ့ပါသည်။

ထို့နောက်ပြန်လှည့်ကာထွက်မည်အလုပ်တွင် မျက်လုံးထောင့်စွန်းမှ မြင်ရသော အရိပ်နှစ်ခုကြောင့် ဂျောင်ဆန့်အား ခနလောက် မျက်ခုံးပင့်စေခဲ့ပါသည်။

ဂျောင်ဆန်မှာတွေဝေနေခြင်းမရှိစွာပဲ ထိုနေရာသို့ ခြေလှမ်းစိပ်စိပ်ဖြင့်လျှောက်သွားပါတော့သည်။

အနောက်မှ ဂျောင်ဆန့်အား အနက်ရောင်ထီးအကြီးကြီးဖြင့် လိုက်မိုးပေးနေသော ရမ်လည်းအပါအဝင်ပင်ဖြစ်သည်။

ထိုအရိပ်နှစ်ခုအနားရောက်လုဆဲဆဲတွင် ဂျောင်ဆန့်အရှေ့မှမြင်ကွင်းသည် တင်းတင်းကြပ်ကြပ်ဖက်ထားကြသော လူနှစ်ဦးသာဖြစ်သည်။

ခရမ်းရောင်လေး၏ခေါင်းအားထိန်းကိုင်ကာ တစ်ဖက်မှ ခါးအားဆွဲဖက်ထားသော ဂျက်ဆင်သည် တကယ်ကို စွဲလန်းတပ်မက်နေသည့်နှယ် မလွှတ်တမ်းဖက်ထားခဲ့ပါသည်။

"ဂျီမင်း......ကိုယ့်အနားမှာပဲနေမလား "

ထို့နောက် နည်းနည်းလှုပ်ရှားလာခဲ့ကာ ဂျက်ဆင့်နှာခေါင်းသည် ဂျီမင်း၏နားသယ်စပ်သို့ရောက်လာကာ ဆံပင်စများအား မွှေးကြူသလိုဖြစ်နေသောကြောင့်
ဂျီမင်းမှာ တုန်ရီသွားကာ ရုန်းမိသော်လည်း ဂျက်ဆင်မှာ တင်းတင်းကြပ်ကြပ်ပြန်ဆွဲထားလေသည်။

ထိုသို့အပြုအမူများလုပ်နေသောဂျက်ဆင်အား ဂျီမင်းနားလည်ရခက်ပါသည်။

သို့သော် ဂျီမင်းမှာ ပန်းခြံရဲ့ပေါက်ဝဘက်သို့ မျက်နှာမူရာဖြစ်နေသောကြောင့် ဂျောင်ဆန်မှာ သူတို့ဆီလမ်းလျှောက်လာနေသည်ကို မြင်ခဲ့ရသည်။

MATCHED PAIR Where stories live. Discover now