Ep_4

181 38 33
                                    


Unicode

Thirteen Calရဲ့တစ်ကိုယ်တော်အနေနှင့် ပွဲဉီးထွက်သော ခရမ်းနုရောင်ကောင်လေး ပတ်ဂျီမင်း

J_N SANရဲ့အမွေဆက်ခံသူ ဂျောင်ဟိုဆော့

တစ်နည်းအားဖြင့် အခုနောက်ပိုင်းတွင်နာမည်ကြီးလာကာ
လူတိုင်းသိရှိထားပြီးဖြစ်တဲ့ Konny & Jရဲ့ စီအီးအိုလောင်း ဂျောင်ဆန်

ယနေ့တွင်Music showအပြီး

ဂျီမင်းအတွက် သီးသန့်ပြင်ဆင်ထားသောBirthday Eventအချိန်အတွင်း ပရိတ်သတ်များရှေ့တွင် အမှန်တရားများပေါ်ထွက်လာပြီ။

"တက်သစ်စကောင်လေးနဲ့ဂျောင်ဆန်က တွဲနေကြတာတဲ့ "

"ယခုလို အနေအထားမျိုးတွေ့ရှိရပြီးနောက်မှာ နှစ်ဖက်စလုံးမှ
ထိုအကြောင်းအရာများကို အကြောင်းမပြန်သေးကြောင်း "

အချိန်ခနအတွင်းsocial platformအမျိုးမျိုးနှင့် သတင်းများတွင် ဆောင်းပါးမျိုးစုံသည် ခေါင်းစီးအမျိုးမျိုးနှင့်ထွက်လာကြသည်။

ထိုအချိန်မှာပဲ တစ်ဖက် Thirteen Cal Labelတွင်လည်း မုန်တိုင်းစနေပြန်သည်။

"ဒါတွေက ဘယ်လိုဖြစ်ရတာလဲ ဂျောင်ဆန် !! "

ဂျက်ဆင်မှာ ဂျီမင်းအတွက်မွေးနေ့လက်ဆောင်ပေးဖို့ကြံရွယ်ထားသော်လည်း ထင်မှတ်ထားသည့်အတိုင်းမဖြစ်လာတာမို့

အခုရုံးခန်းတွင် ဂျီမင်းနှင့်ဂျောင်ဆန်ကိုခေါ်လာပြီး ဒိုဟျွန်းကိုပါ ရှိနေခိုင်းရသည်။

ကာယကံရှင်နှစ်ယောက်သည် ဂျက်ဆင်၏အရှေ့တွင် အတူတူထိုင်နေပြီး

ဒိုဟျွန်းမှာတော့တံခါးဝမှာနေကာ အဆက်မပြတ်တက်နေသော သတင်းများနှင့် သတင်းထောက်များ၏ဖုန်းအား လက်ခံဖြေကြားနေရသည်။

ပရိတ်သတ်များသည်တကယ်ကိုပွက်လောရိုက်နေကြသည်။

သို့သော် ဂျောင်ဆန်မှာ ဂရုမစိုက်သလိုပင်

မျက်မှန်အား ခေါင်းပေါ်ပြောင်းပြန်တင်ထား၍ ခြေချိတ်ထိုင်ကာ ခြေထောက်အား တလှုပ်လှုပ်နှင့်ရှိနေသည်။

ဂျီမင်းမှာတော့ လက်နှစ်ဖက်ကိုယှက်ကာ ပေါင်ပေါ်တင်ပြီး ခေါင်းငုံ့ထားသော်လည်း

MATCHED PAIR Where stories live. Discover now