Ep_3

204 41 26
                                    

Unicode

အဖြူရောင်လိုက်ကာစသည် မှန်ကာထားသော နေရာမှ လေငြိမ့်ငြိမ့်တိုက်ခတ်မှုကြောင့် တစ်စစလွှင့်နေပြီး

ပွင့်ဟနေသော ပြတင်းပေါက်မှ လေများကလည်း အေးစိမ့်စိမ့်နှင့် ဖြတ်သန်းရောက်ရှိလာသည်။
ဒီနေ့မိုးအုံ့စရှိနေ၏။

ဂျီမင်းမှာတော့ အဖြူရောင်မွေ့ယာကြီးနှင့် ခပ်ဖြူဖြူစောင်အကြီးကြီးထဲတွင်
နစ်မြုပ်နေကာ သေချာကြည့်မှ မြင်ရမည့် ခရမ်းရောင် ဆံသားနုနုလေးတွေသာ ပေါ်ယုံရှိပါသည်။

မနေ့ညကဖြစ်ပျက်မှုတွေပြီးနောက် အိမ်ပြန်ရောက်လာတဲ့ ဂျီမင်းဟာ အကုန်လုံးကို မေ့ပစ်လိုက်ပြီး

အိမ်ပြန်ရောက်ခါစ ၁၅မိနစ်လောက် တွင်ထွက်ရှိထားသော

သူ၏ ပထဦးဆုံး Debut SongကိုThirteen Cal Channelမှသက်ဆိုင်ရာMusic Platformတွင်

တစ်ခါတည်း ထုတ်လွှင့်ပေးခဲ့သည့်အတွက် ညက သူ့သီချင်း၏ Stream အားကိုကြည့်ကာ အိပ်ပျော်သွားခဲ့ပါသည်။
ဖိနပ်တို့ အပေါ်ဝတ်အင်္ကျီတို့ကိုလည်း ညက ဂျီမင်းရဲ့ အဖေလာချွတ်ပေးပြီး
သေချာလေး နေရာလာချပေးသည်မှာမေးစရာမလိုပင်။

မိဘနှစ်ပါးစလုံးအတွက်ပင် အဖိုးတန်လေးဖြစ်သလို အလုပ်များသော သူဌေးမိသားစုဖြစ်သော်လည်း ဂရုစိုက်မှုများ မလစ်ဟင်းသော မိဘများဖြစ်တာမို့ ဂျီမင်းဟာ ဒီတစ်သက် စိတ်မဆင်းရဲရပါ။

မိဘနှစ်ပါးစလုံးမှာ လူရှေ့သို့ လူလုံးထွက်ပြမှု နည်းသည်မို့ တစ်ခါတစ်လေသာလျှင် ပွဲတက်သည့်အခါမှသာ မြင်ရတတ်ပါသည်။

ဂျီမင်း၏အဖေသည် သြဇီမှာသာမက ပိုင်ဆိုင်မှုတွေသည်မနည်း သို့သော် လူကြီးလူကောင်းဆန်စွာ တိတ်တိတ်ဆိတ်ဆိတ်နေသည်သာ။

ဂျီမင်းအတွက်လည်းလိုလေသေးမရှိသလို သား၏စကားတစ်ခွန်းတွင် ငြင်းဆန်မှုသေးသေးလေးတောင်မရှိရစေအောင် လုပ်ချင်တာမှန်သမျှ ခွင့်ပြုပေးခဲ့ပါသည်။

ဂျီမင်းသည် သန္ဓေတည်စဥ်ကတည်းကပင် ချစ်မွှေးလေးဖြစ်ခဲ့ရပါသည်။

ဂျီမင်းသည် သြဇီမှာလည်း သင်ကြားလာခဲ့သူဖြစ်၍ ခရမ်းနုရောင်သည် ပွဲဦးမထွက်ခင်ကတည်းက ပရိတ်သတ်အများစုရှိနေခဲ့ပြီးသားပင်

MATCHED PAIR Where stories live. Discover now