သည်နေ့ နောက်ဆုံး စာမေးပွဲ ရက်ပဲ
မေးခွန်း နှင့် အဖြေတွေကို သေချာ တိုက်စစ်ပြီး ဆရာကို အပ်လိုက်တော့ ဆရာက ပြုံးပြလာသည်။Jung Kook အကြောင်းကို သိပြီး သား ဆရာက သူ့အပေါ်မှာ ယုံကြည် မှု တို့ အပြည့် အဝ ရှိနေသည့်ပုံပါပဲ
လက်ဟန်အမူအရာနှင့် ပြသည်မို့ ဆရာ့ကိုခေါင်းငြိမ့်ပြကာ ကျောင်း၏ လျှောက်လမ်းတွင် ငြိမ်ငြိမ်သက်သက် လေး ရပ်စောင့် နေမိသည်။
"စောင့်ရတာ ကြာသွားလား
အေးကွာ Sam လည်း duty မိုလို့ပါ"
"အဆင်ပြေပါတယ် ဆရာ"
"Kook မင်း ကို scolar ပေးမယ့် သူကပြောလာတယ်
အလားအလာ ရှိနေတော့ ပေးချင်ကြတာပေါ့ကွာ""ကျွန်တော် တက္ကသိုလ် တက်နိုင်တော့မယ် မထင်ပါဘူး ဗျာ
ကျွန်တော် အလုပ်ရှာရမယ် sam
မားအခြေအနေက ပိုပို ဆိုးလာတယ် ဗျာ"
ဆရာက သိပါတယ် ဆိုသည့် သဘောဖြင့် သက်ပြင်းဖွဖွ ချ သည်။
"Sam မင်းကိုစဉ်းစားစေချင်တယ်ကွာ
သူများတွေမှာ စာမေးပွဲ result ရမှ ရနိုင်မယ့် အခွင့်အရေးကွ
မင်းကိုက record ယူကြည့် ပြီးကတည်းက ပေးချင်နေကြတာ""ဟုတ်... ကျွန်တော် စဉ်းစား ပါဦးမယ်"
"အင်း အချိန်တွေရှိပါသေးတယ် သေချာလေးဆုံးဖြတ်ပေါ့"
"ဟုတ်"
ကျောင်းဝန်းကြီး ကို တစ်ချက်ဝေ့ဝဲ ကြည့်ကာ အိမ်သို့ပြန်လာ ခဲ့ လေသည်။
မနီးမဝေး ခရီးတစ်ခုမို့ ခြေကျင်သာ သူ အသွားအပြန် လုပ်ပါသည်။အလုပ်တွေ ရလာသည့်အခါ သွားရန်အတွက် သူစီးနေကျ စက် ဘီးလေးလည်း ရှိပါသည်။
ကျောင်းစာမေးပွဲ နောက်ဆုံးရက် မို့ သည်ပတ်ဝန်းကျင်သည်အငွေ့သက်တွေဟာ သူနှင့် ဝေးကွာတော့မည်ဖြစ်တာကြောင့် လမ်းလျှောက်ပြီးပဲ ပြန်လာခဲ့ ခြင်းပင်
"ပြန်လာပြီ လား..
စာမေးပွဲ ဖြေနိုင် ခဲ့ရဲ့လား"ရပ်ကွက် ထိပ် တွင် ထိုးရပ်ထားသော ပြိုင်ကားနီနီလေး ကို မှီကာ သူ့ကို စူးစိုက်ကြည့် ပြီး ပြောနေသော လူတစ်ယောက်
YOU ARE READING
အလႊာ (အလွှာ)(Completed)
Romanceကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ