Part-(8)uni

996 80 4
                                    


အိမ်သေးသေးလေးရောက်သည်နှင့် ကုတင်ပေါ် ချလိုက်ကာ အဝတ်အစားတွေကို ဆွဲချွတ်တော့ လက် သေးသေးတွေက ဟန့်တားလာသည်။

"ငယ် "

"ဟိုကောင်တွေကျ ကိုင်လို့ရပြီး ကျုပ်က မရဘူးလား"

တင်းတင်းကြပ် ဆုပ်ကိုင်ထားတဲ့ လက်သေးသေး လေးတွေပြေလျော့ သွားရကာ မျက်ဝန်းလေးတွေ မှေးမှိတ်ကျသွားရသည်။

အဝတ်အစားတွေကိုလျှင်မြန်စွာ ဆွဲချွတ်ပြီး အတွင်း ဝတ်သာ ကျန်တော့သည် အခြေအနေတွင် Jeon သက်ပြင်းကို ဖွဖွ ချလိုက်မိသည်။

ထိမိကိုင်မိလျှင် အရာကြီးကြီးတွေ ထင်သွားမှာစိုး၍ အနားတောင်မသီဖြစ်ခဲ့
ကိုယ့်ကိုယ်ကို အာမ မခံနိုင်ရသော အကြောင်းတရားတွေ ကိန်းဝပ်နေတဲ့ အရွယ်ရောက်စ ကောင်လေးတစ်ယောက်မို့
အရာရာဟာ ထိလွယ်ရှလွယ် ဖြစ်နေသည်မို့

မြင်လိုက်ရသော ပွန်းပဲ့ ရာတွေ ဟာ ပိုနာရကုန်သည်။
သည်ဖြစ်တည်မှု လေးဟာ ဘယ်လောက်တောင် အနုပညာဆန်လိုက်လဲ

ဘက်မညီမျှ ခြင်းတွေ ကို အတင်းဆွဲ လွဲ ညှိယူနေတဲ့ သည်လူကို သူ ဘယ်လိုလုပ်ရမလဲ မတွေးတတ်

အသင့် ယူ ထားသည့် ရေခွက်ထဲနစ်ပြီး ပဝါကို ဆွတ်ကာ ခပ်ဖွဖွလေး ဖိသုတ်ပေးတော့ ပွန်းပဲ့ရာတွေနှင့် ခန္ဓာကိုယ်လေးသည် တွန့်ခနဲ
မျက်ခုံးတန်းလေးတွေ တစ်ခုတွန့်ချိုး သွားတိုင်း တစ်ခါ မျက်နှာပျက်ရသည်။

မဝံ့မရဲ လက်တွေသည် ပို ၍ တုန်ယင် သွား ရသည်။
မတည်မငြိမ် အခြေအနေ တစ်ခု ဖြင့် ရေပတ်တိုက် ခြင်းပြီးစီးသွားသည်နှင့် shirt လက်ရှည် အနက်ရောင် တစ်ထည်သည် နှင်းဆီလေး၏ ကိုယ်ပေါ်တွင် နေရာယူလာခဲ့သည်။

မျက်နှာနုနုလေးကို သန့်စင်မည်အပြု နှုတ်ခမ်းထောင့်မှ ပေါက်ပြဲ ရာ လေးကို ကြည့်မိသွားသည့် တခဏ မရည်ရွယ်ပါပဲ လက်မဖြင့် ဖွဖွလေး ထိတွေ့ နေမိသည်။

ပွင့်လာသည့် မျက်ဝန်း ကျဉ်းကျဉ်းတွေက စိုက်ကြည့် လာကြသည်။
မှော်ပဲ... Park Jimin ဆိုတဲ့ သည်လူ ဟာ စပါးကြီး မြွေ ထက်တောင် အားပြင်းနေသေးတာ
ရုန်းလေ မလှုတ်နိုင် အောင် ချုပ်ထား နိုင်လေပဲ

အလႊာ (အလွှာ)(Completed)Where stories live. Discover now