Part-(5)uni

1.2K 86 1
                                    


"အ...ကျွတ်.. ကျွတ်"

"Jeon လေး...Jeon လေး ထပါဦး"

တစက်စက် ထိုးကိုက်နေတဲ့ ဝေဒနာတွေသည် အိပ်ယာမှ ထလာ သည် အထိ အရှိန်မသေခဲ့

လုံးဝအိပ်ပျော်သွားသည်လည်း မဟုတ်ရ
တစ်နာရီလောက်အချိန်ကာလ အတွင်းတွင် အတွေးတွေ သည် ပြန့်ကျဲလိုက် စုစည်း လိုက်ဖြင့် အာရုံတွေသည် အနားမရ

Tae နှိုးသံ အဆုံး မှာ မျက်မှောင်ကြီး ကျုံ့ပြီး နှိုးထလာတဲ့ Jeon ဟာအနည်းငယ် ဖြူဖျော့ လျှက်

"ဆေးသောက်လိုက်ဦး

အစ်ကို ပြောတယ် ဆေးသောက်ပါလို့

ကိုယ့် အခြေအနေကို သိရက်နဲ့"

"နားငြီးတယ် ခေါင်းကိုက်တယ်"

အဲလိုပဲ သူ့ညီလေးက သူ့အပေါ်တွင် လေးလေး စားစားပါပဲ

ဒါတွေ ပြန်ပြော နေလည်း ထူး တော့မည်မဟုတ်

သည်ကောင်လေး ခေါင်းကိုက်နေချိန်တွင် ကျန်သည့် အချိန်တွေလောက် ဆူဆူ ပူပူတွေ သွားလုပ်၍မရ

"ရော့.. ဆေးသောက်လိုက်ဦး

မကြာခင်ဆေးရုံသွား ရမှာ

မင်းဒီလိုတွေလုပ်နေရင် အစ်ကို ဘယ်လိုစိတ်ချရပါ့မလဲ"

"မသေနိုင် သေးပါဘူးဗျာ"

Tae မျက်စောင်းထိုးလိုက်တော့ ခပ်နွမ်းနွမ်း လေး ပြုံးပြ လာသည်။

ဆရာဝန်တစ်ဦး ဖြစ်သော Tae ဟာ Jeon ဘက်က ကျန်းမာရေး နှင့်ပတ်သက်ကာ အလေးမထားဟန်ပြောလာတိုင်း မကြိုက်တတ်

အများကြီး ကြိုးစားခဲ့ရတာ
သူ၏ အလုပ်သင်ဘဝမှာပင် သည်ကလေး အတွက် အကြီးအကဲ များကို ဒူးကျိုးမတတ် တောင်း ပန်လျှက် အတော်လေး ပြုစုယုယခဲ့ရတာ

သွေးသား တော်စပ်မှုတွေ ဘေးဖယ်ထားပြီး ဆရာဝန်တစ်ယောက် အနေနှင့်ပင် သူဟာ သည် အသက်လေးအပေါ်မှာ အများကြီး မြှုတ်နှံအားစိုက်ခဲ့ရတာ
သွေးသားတော် စပ်သည့် ဆက်နွယ် မှုတွေအရဆိုလျှင် သူ့အတွက် Jeon ဟာ အသက်တမျှ ပါပဲ

သည်လောက်ကြိုးစားပမ်းစား သူအားထုတ်ခဲ့ရမှုတွေကို သည်ကောင်လေး ကိုယ့်ကိုယ်ကို ဂရုမစိုက် အလေး မထားလာတိုင်း ဒေါသတွေ အလိပ်လိုက်ထွက်လာတတ်သည်။

အလႊာ (အလွှာ)(Completed)Where stories live. Discover now