အတိတ် မှာရှိခဲ့တဲ့ အလှပဆုံးသော အလွှာ ၏ အစိတ်အပိုင်းတွေ ကို စစ်မှန်မမှန် ကျွန်တော် သံသယတွေ မဝင်ချင်တော့ပါဘူး
သံသယဆိုတဲ့ ဆူးသာ လှုတ်လီလှုတ်လဲ့ ကျွန်တော့်ဘဝကို သာ ထပ်စူးစိုက်မိမယ်ဆို ကျွန်တော် ရှင်သန်ဖို့ လွယ်ကူလိမ့်မယ်မထင်ဘူး
အတိတ်ရဲ့ စာမျက်နှာ အလွှာ တစ်ချပ်ချင်းစီမှာ ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ် အားလုံးကို မြှုတ်နှံထား ခဲ့ မိတာကြောင့် စာမျက်နှာ တစ်ချပ်ချင်းစီကို လှပ်မိတိုင်း တစ်ခါ နာရမယ်ဆို ဒဏ်ရာ တွေပေါ်ဒဏ်ရာဆင့်လို့ သံသယာ လည်နေလိမ့်မည်ပေါ့
"အဆင်ပြေရဲ့လား"
"ဒီလိုပဲ ပေါ့"
Suit အပြည့် အစုံကို ဝတ်ဆင်ထားတဲ့ သူဟာ သည်နေ့မှတော့ သူမတူ ကွဲထွက်နေတာတော့ အမှန်ပင်
ဆံပင်တွေကို အပြောင် လှန်သိမ်းတင်ထားပြီး ဘောင်းဘီ အိတ်ထဲ လက်ထိုးထည့်ကာမနက်ခင်းမှာ မြို့ကို အပေါ်စီးမှ ကြည့် ရှု နေရသည်ကလည်း တစ်မျိုး တစ်ဖုံတော့ စိတ်လက်ပေါ့ ပါးခြင်းကိုဖြစ်စေသည်။"သွားဖို့အတွက် အဆင်ပြေရဲ့ လား Jeon လေး"
Duty coat ကို လက်တွင် ချိတ်ကာ Tae မှန်နံရံနား တွင်ရပ်ကာ မြို့ကို ကြည့်နေသော သူ၏ ညီကို မေးမိသည်။
"မပြေစရာ ဘာအကြောင်း ရှိလို့လဲ"
"Ok!ဒါဆို အစ်ကို အလုပ်သွားတော့မယ်
တစ်ခုခုဆို အစ်ကို့ကို ဖုန်းဆက်Hyung ကရော ဒီနေ့ဘာအစီအစဉ်ရှိလဲ"
ဆိုဖာတွင် ခြေ ချိတ်ထိုင်နေသော Seok Jin hyung ကို မေးကြည့်တော့
Hyung က မှန်တစ်ချပ်ကို သံယောဇဉ် အမျှင် မပြတ်နိုင်စွာ ကြည့်နေခဲ့ ပြီး
"Tae လေး ငါတော့ ဒုက္ခပဲ"
"ဘာဖြစ်လို့လဲ hyung"
ပြေးကြည့်မှ သည်ညီအစ်ကိုတွေပဲ ရှိသည်မို့ စိုးရိမ်တကြီး မေးမိသည်။
"ငါတစ်နေ့တခြား ဘာ့လို့ ဒီလောက်ချောလာတာလဲ မသိဘူး"
Tae မျက်စောင်း ကြီးသည် ဒိုင်းကနဲ ကျရောက်လာတော့ Seok Jin hyung ကအလုံးစုံ သော သွားများကို ဖြဲပြလေသည်။
YOU ARE READING
အလႊာ (အလွှာ)(Completed)
Romanceကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ